Connect with us

Media

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က မြန်မာ အွန်လိုင်းလိမ်လည်မှုဂိုဏ်းခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်

ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့မှ ရရှိထားသည့် ဆက်သွယ်ရေး၊ အွန်လိုင်းလိမ်လည်မှုများနှင့် စပ်လျဉ်းသော ပြစ်မှုဆိုင်ရာ အချက်အလက်များနှင့် သက်သေများကို အခြေခံ၍ မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယင်းပြစ်မှုများကို ဂိုဏ်းဖွဲ့ကျူးလွန်နေသော ခေါင်းဆောင် ၁၀ ဦး ပါဝင်သည့် ဖမ်းဝရမ်းတစ်ခုကို ထုတ်ပြန်လိုက်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။

လျောင်နင်ပြည်နယ်၊ ဖူကျန့်ပြည်နယ်၊ ချုံချင့်မြို့ရှိ ပြည်သူ့လုံခြုံရေးဌာနများ၏ စုံစမ်းစစ်ဆေးမှုများအရ ပယ်စောက်ချိန်၊ Wei Huairen ၊ Liu Zhengxiang နှင့် Xu Laofa တို့ အသီးသီးဦးဆောင်လျက်ရှိသော ဂိုဏ်းများက တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား၍ တရားမဝင် အကျိုးအမြတ် အမြောက်အမြားရရှိနေသည့် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်နေသည်မှာ အချိန်ကြာမြင့်လျက်ရှိသည်ကို တွေ့ရှိခဲ့သည်။

အဆိုပါ ဂိုဏ်းများသည် ရဲတပ်ဖွဲ့က ထိုပြစ်မှုများနှိမ်နင်းရေး စတင်ဆောင်ရွက်ပြီးနောက်တွင်ပင် တရားမဝင်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့သည် ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှုနှင့် တရားမဝင်ချုပ်နှောင်မှုများ အပါအဝင် ဆိုးဝါးသောအကြမ်းဖက်မှုများကို ကျူးလွန်သည်ဟု သံသယရှိသူများဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
China’s police issue wanted list of Myanmar fraud-gang leaders

BEIJING, Dec. 10 (Xinhua) — Chinese police have released a wanted list including 10 ringleaders of telecom and online fraud criminal gangs in northern Myanmar’s Kokang Self-Administered Zone based on relevant criminal facts and evidence obtained by the police, the Ministry of Public Security said on Sunday.
Investigations by public security organs in Liaoning, Fujian, Chongqing have found that the gangs, respectively headed by Bai Suocheng, Wei Huairen, Liu Zhengxiang and Xu Laofa have long been committing telecom and online fraud targeting Chinese citizens, involving a huge amount of illicit gains.
These gangs continued illegal activities even after the police started crackdown operations, and they were suspected of severe violent crimes including intentional homicide, intentional injury and unlawful detention, according to the ministry.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.