Connect with us

Media

ဗီယက်နမ်နှင့်ထိစပ်နေသော တရုတ်နိုင်ငံ တောင်ပိုင်းရှိမြို့က ရထားလမ်းကွန်ရက်အား ချိတ်ဆက်

နန်နင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တရုတ်-ဗီယက်နမ်နယ်စပ်မြို့ဖြစ်သော တုန်းရှင်းမြို့သည် ဒီဇင်ဘာ ၂၇ ရက်က ရထားလမ်းသစ်ဖွင့်လှစ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ အမျိုးသားရထားလမ်းကွန်ရက်အား ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရသည်။

တုန်းရှင်းမြို့နှင့် Fangchenggang မြို့များအား ချိတ်ဆက်ထားသော အဆိုပါ ရထားလမ်းသစ်သည် ၄၇ ကီလိုမီတာ ရှည်လျားပြီး တစ်နာရီလျှင် အမြန်နှုန်း ကီလိုမီတာ ၂၀၀ နှုန်းဖြင့် မောင်းနှင်ရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်။ ရည်ရွယ်ချက်နှစ်ခုဖြင့် တည်ဆောက်ထားသော အဆိုပါ ရထားလမ်းသည် ခရီးသည်ရော ကုန်စည် သယ်ယူပို့ဆောင်ရေးပါ နှစ်မျိုးလုံး ဆောင်ရွက်နိုင်ကြောင်း China State Railway Group ကုမ္ပဏီလီမိတက်အရ သိရသည်။
ထိုရထားလမ်းကို ၂၀၁၉ ခုနှစ် မတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး မြို့နှစ်မြို့ကြား ခရီးသွားကြာမြင့်ချိန်ကို ၁၉ မိနစ်အထိ လျှော့ချပေးနိုင်မည်ဖြစ်သည်။

အဆိုပါ ရထားလမ်းသည် တည်ဆောက်မှုနည်းပညာ ရှုပ်ထွေးပြီး နှစ်စဉ် ဆီးနှင်းကျဆင်းမှု ၂,၀၀၀ မီလီမီတာကျော်ရှိသော ဧရိယာများကို ဖြတ်သန်းလျက်ရှိကြောင်း၊ ရထားလမ်းတွင် ၇.၅ ကီလိုမီတာရှိသည့် ပင်လယ်ဖြတ်ကျော် မြန်နှုန်းမြင့်ရထားလမ်းတံတားတစ်စင်း ပါဝင်ကြောင်း သိရသည်။

တရုတ်-ဗီယက်နမ်နယ်စပ် တုန်းရှင်းမြို့၏ ပထမဆုံး ရထားလမ်းဖြစ်သည့်အလျောက် ထိုဝန်ဆောင်မှုအသစ်သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများကြား ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းများ၊ ဝန်ထမ်းများနှင့် စီးပွားရေးကူးလူးဆက်ဆံမှုများကို မြှင့်တင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Southern Chinese city bordering Vietnam connected to rail network
NANNING, Dec. 27 (Xinhua) — Dongxing, a city on the China-Vietnam border in south China’s Guangxi Zhuang Autonomous Region, was linked to China’s national railway network on Wednesday with the opening of a new rail line.
The new railway, linking Dongxing to Fangchenggang, stretches 47 km long and has a designed speed of 200 km per hour. According to China State Railway Group Co., Ltd, it is a dual-purpose line that handles both passenger and freight transportation.
The new railway, which began construction in March 2019, will reduce travel time between the two cities to 19 minutes.
The rail route runs through areas with an annual precipitation totaling more 2,000 mm, which made its construction technically complicated. It also encompasses a 7.5-km cross-sea high-speed railway bridge.
As Dongxing’s first railway, located on the China-Vietnam border, the new service is expected to boost tourism, trade activities, personnel and economic exchanges between China and Southeast Asian countries.