Connect with us

Media

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် သက်တမ်း ၁၁၈ နှစ် ပြည့်မြောက်ခဲ့ပြီ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ သက်တမ်းအကြာဆုံး တိရစ္ဆာန်ဥယျာဉ်ဖြစ်သော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ၁၁၈ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဇန်နဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်ကြာ ကျင်းပလျက်ရှိသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ၁၁၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ အုပ်ချုပ်ရေးမှူး၊ ဦးသန်းမြင့်ထွန်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ လက်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် နို့တိုက်သတ္တဝါမျိုးစိတ် ၄၅ မျိုး၊ ငှက်မျိုးစိတ် ၇၂ မျိုးနှင့် တွားသွားသတ္တဝါမျိုးစိတ် ၁၉ မျိုးတို့ရှိပြီး တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၆ မျိုးနှင့် တိရစ္ဆာန်ပေါင်း ၂,၀၀၀ ကျော်တို့ကို ထိန်းသိမ်းထားရှိကြောင်း သိရသည်။ (Xinhua)