Connect with us

Europe

တရုတ်နိုင်ငံရှိ နေရာ ၆ ခုကို ယူနက်စကို ကမ္ဘာ့ဘူမိပန်းခြံများအဖြစ် ရွေးချယ်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ်ရှိ နှင်းများဖုံးလွှမ်းနေသော Changbai တောင်သို့ လာရောက်လည်ပတ်သူများကို ၂၀၂၁ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ Changbaishan ဘူမိပန်းခြံကို အခြားဘူမိပန်းခြံ ၅ ခုနှင့်အတူ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့ဘူမိပန်းခြံများအဖြစ် မတ် ၂၇ ရက်က ရွေးချယ်လိုက်ကြောင်း သိရသည်။
“ယူနက်စကို အမှုဆောင်အဖွဲ့က ယူနက်စကို ကမ္ဘာ့ဘူမိပန်းခြံများကွန်ရက်မှာ နေရာ ၁၈ နေရာ ထပ်မံဖြည့်စွက်ဖို့ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံ ၄၈ နိုင်ငံမှာ ဘူမိပန်းခြံအရေအတွက် ၂၁၃ ခုအထိ ရှိလာပါပြီ” ဟု ပဲရစ်မြို့အခြေစိုက် ယူနက်စကိုက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အသစ်သတ်မှတ်လိုက်သော နေရာများအနက် Changbaishan ဘူမိပန်းခြံသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ်တွင် တည်ရှိပြီး ယင်းပန်းခြံတွင် ထူးခြားသောမြေဖွဲ့စည်းမှုပုံစံများနှင့် မီးတောင်ပေါက်ကွဲမှုများနှင့် ထူးထူးခြားခြားဆက်စပ်နေသည့် ကျောက်တုံးပုံစံအမျိုးမျိုး ရှိကြောင်း သိရသည်။
ယူနက်စကိုက ရွေးချယ်လိုက်သော အခြားနေရာ ၅ ခုမှာ ဟူပေပြည်နယ်ရှိ Enshi Grand Canyon-Tenglongdong ကျောက်လိုဏ်ဂူ ဘူမိပန်းခြံ၊ ကန်းစုပြည်နယ်ရှိ Linxia ဘူမိပန်းခြံ၊ ဖူကျန့်ပြည်နယ်ရှိ လုံယန်ဘူမိပန်းခြံ၊ ကျန်းရှီးပြည်နယ်ရှိ Wugongshan ဘူမိပန်းခြံနှင့် ကွေ့ကျိုးပြည်နယ်ရှိ Xingyi ဘူမိပန်းခြံတို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ်၊ Changbaishan တောင်ပေါ်ရှိ Tianchi ရေကန်တွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော ကလေးငယ်တစ်ဦးကို ၂၀၁၅ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် လုံယန်မြို့ Hakka လူမျိုးများ၏ မြေဖြင့်တည်ဆောက်ထားသောနေအိမ်များကို ၂၀၀၂ ခုနှစ် အောက်တိုဘာလက တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၊ ချန်ရှီးနန် ပုရီ လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ Xingyi မြို့ရှိ Wanfenglin ဘူမိပန်းခြံတွင် လာရောက်လည်ပတ်ကြသူများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)

Six Chinese sites named UNESCO Global Geoparks
PARIS, March 27 (Xinhua) — The Mount Changbaishan Geopark, along with five other Chinese geoparks, were named as Global Geoparks by the United Nations Educational, Scientific and Cultural Organization (UNESCO) on Wednesday.
“UNESCO’s Executive Board has endorsed the addition of 18 sites to the UNESCO Global Geoparks network. This brings the total number of geoparks to 213 in 48 countries.” the Paris-based UN body said in a statement.
Among the newly designated sites, the Mount Changbaishan Geopark is located in China’s northeastern Jilin Province, which hosts dramatic landforms and diverse rock types that document significant multiphase volcanic eruptions.
The five others are Enshi Grand Canyon-Tenglongdong Cave Geopark in Hubei Province, Linxia Geopark in the Gansu Province, Longyan Geopark in Fujian Province, Wugongshan Geopark in Jiangxi Province and Xingyi Geopark in Guizhou Province.
Photo 1: People visit snow-covered Changbai Mountain in northeast China’s Jilin Province, March 7, 2021. (Xinhua/Yan Linyun)
Photo 2: A child poses for photos at the Tianchi lake on the Changbaishan Mountain in northeast China’s Jilin Province on Aug. 17, 2015. (Xinhua/Xu Chang)
Photo 3: An aerial photo taken in October of 2002 shows the earth houses of Hakka people in Longyan of southeast China’s Fujian Province.(Xinhua/Chen Zhonghe)
Photo 4: This aerial photo taken on Aug. 25, 2023 shows visitors at Wanfenglin geological park in Xingyi City of Qianxinan Buyi and Miao Autonomous Prefecture, southwest China’s Guizhou Province. (Photo by Yuan Fuhong/Xinhua)