Connect with us

Media

တရုတ်နိုင်ငံ၏ COMAC လေယာဉ်များ သရုပ်ပြပျံသန်းမှုများအတွက် လာအိုနိုင်ငံသို့ ရောက်ရှိလာ

ဗီယင်ကျန်း၊ မတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံးလေယာဉ်ကော်ပိုရေးရှင်းလီမိတက်မှ ထုတ်လုပ်သော C919 နှင့် ARJ21 လေယာဉ်များသည် သရုပ်ဖော်ပျံသန်းမှုအတွက် လာအိုနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါ ဂျက်လေယာဉ်နှစ်စင်းသည် တရုတ်နိုင်ငံပြင်ပ ပထမဆုံးလေကြောင်းပြပွဲဖြစ်သော ၂၀၂၄ ခုနှစ် စင်ကာပူလေကြောင်းပြပွဲပြီးဆုံးပြီးနောက် စင်ကာပူနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ပျံသန်းလာခဲ့ခြင်းဖြစ်ပြီး ယင်းနောက် လာအိုနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ARJ21-700 လေယာဉ်သည် အင်ဂျင်နှစ်လုံးတပ်ဂျက်လေယာဉ်ဖြစ်ပြီး အများဆုံး လူ ၉၀ ဦးအထိ စီးနင်းနိုင်ကြောင်း၊ C919 လေယာဉ်မှာမူ ကိုယ်ထည်ကျဉ်းလေယာဉ်ဖြစ်ကာ အများဆုံး လူ ၁၉၂ ဦးအထိ တင်ဆောင်နိုင်ကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
China’s COMAC airplanes arrive in Laos for static display, demonstration flight
Chinese airplanes C919 and ARJ21 developed by the Commercial Aircraft Corporation of China, Ltd. (COMAC) on Monday arrived in Laos for a static display and demonstration flight.
The two jetliners flew from Singapore to Vietnam, and then to Laos, after finishing the Singapore Airshow 2024 where they made their first airshow appearances outside China.
ARJ21-700 is a twin-engine jet with a maximum of 90 seats while the C919 is a narrow-body passenger aircraft with a maximum capacity of 192 seats.