Connect with us

Media

မြန်မာနိုင်ငံ အောင်လံမြို့နယ်တွင် နွားလှည်းဘီးအဟောင်းများကို ပြုပြင်အသုံးပြုလာကြ

အောင်လံ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တောင်သူအများစုသည် နွားလှည်းအသစ်ဈေးနှုန်းကြီးမြင့်မှုကြောင့် နွားလှည်းဘီးအဟောင်းများကို ပြန်လည်ပြုပြင်အသုံးပြုလာကြကြောင်း ယင်း‌ဒေသရှိ နွားလှည်းဘီး ပြုပြင်သူများထံမှ သိရသည်။

လက်ရှိတွင် နွားလည်းအသစ်ဈေးမှာ ကျပ် ၁၀ သိန်းကျော်ရှိပြီး နွားလှည်းဘီးများ ပြန်လည်ပြုပြင်မှုနှုန်းထားမှာမူ အနည်းဆုံး ကျပ် ၂၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ အထိရှိပြီး လှည်းမီးချခအနေဖြင့် ကျပ် ၁၀,၀၀၀ ခန့် ကုန်ကျကြောင်း သိရသည်။
တောင်သူများက နွားလှည်းများနှင့် လှည်းဘီးများကို နွေရာသီလုပ်ငန်းခွင်အားချိန်တွင် ပြုပြင်ကြခြင်းဖြစ်ကာ ကျွန်းသစ်ကို အများဆုံးအသုံးပြုပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117