Connect with us

Media

၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့တဲ့ သတင်းကောက်နုတ်ချက်

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
 
၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့တဲ့ သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။
၁ ။ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ
၂ ။ တရုတ်လျှပ်စစ်ကားများ စပိန်နိုင်ငံ၌ လူကြိုက်များရေပန်းစား
၃ ။ ဗီဇာကင်းလွတ်ခွင့်မူဝါဒက တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် ထိုင်းခရီးသွားများ တိုးလာစေ
၄ ။ မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၈ လုံး ပျက်စီး
၅ ။ စင်ကာပူနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ယခုနှစ်ပထမသုံးလပတ်အတွင်း နှစ်ဆကျော်မြင့်တက်လာ
၆ ။ ဗီယက်နမ်၏ ပင်လယ်စာတင်ပို့မှု အမေရိကန်ဒေါ်လာ နှစ်ဘီလီယံရှိခဲ့
၇ ။ အီဂျစ်နိုင်ငံက ဥစား၊ အသားစား ကြက်နှင့် ကြက်ဥဈေးနှုန်း လျှော့ချရေးအစီအစဉ် စတင်
၈ ။ ရာသီဥတုပြောင်းလဲမှုက ကမ္ဘာလုံးဆိုင်ရာအချိန်ကိုက်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု လေ့လာမှုအသစ်တွင် ခန့်မှန်းထား
၉ ။ ဗီယက်နမ်နိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွင် ဆားငန်ရေဝင်ရောက်မှုကြောင့် အမေရိကန်ဒေါ်လာ ၂.၈၂ ဘီလီယံ ဆုံးရှုံး
၁၀ ။ မြန်မာနိုင်ငံ လှိုင်သာယာမြို့နယ်၌ တစ်ရက်အတွင်း ယာဉ်တိုက်မှု ၂ ခုဖြစ်ပွါးပြီး လူ ၂ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရရှိ
၁၁ ။ မြန်မာနိုင်ငံ နေပြည်တော် မဟာသင်္ကြန်ပွဲတော်၌ တရုတ်၊ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ အနုပညာရှင်များ ဖျော်ဖြေမည်
၁၂ ။ တရုတ်နိုင်ငံ၏ ကျားနှင့် ကျားသစ်ဥယျာဉ်တွင် ယမန်နှစ်က အကောင်ရေ ၃၅ ကောင်ကျော်မွေးဖွား
၁၃ ။ ဘန်ကောက် နိုင်ငံတကာမော်တော်ကားပြပွဲ၌ တရုတ်နိုင်ငံ၏ လျှပ်စစ်ကားများ ပါဝင်ပြသ
၁၄။ မြန်မာနိုင်ငံ မုံရွာမြို့တွင် အလုံဘိုးတော်ကြီးပွဲကျင်းပ
၁၅။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် လာမည့် ရက်ပိုင်းအတွင်း အပူချိန် အနည်းငယ် တိုးလာမည်ဟု မိုးဇလ ထုတ်ပြန် (Xinhua)