Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်းက ရော်ဘာခြံလုပ်ငန်း

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ ရော်ဘာခြံတစ်ခုတွင် ရော်ဘာပြားများ ရရှိရန် အဆင့်ဆင့်လုပ်ကိုင်နေကြသည့် လုပ်ငန်းခွင် မြင်ကွင်းများကို ရိုက်ကူးတင်ဆက်ထားပါသည်။ မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရော်ဘာတန်ချိန် ၃၅၀,၀၀၀ တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း တာဝန်ရှိသူတစ်ဦးက မကြာသေးမီက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ ရော်ဘာများကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်နှင့် အိန္ဒိယ စသည့်နိုင်ငံများသို့ အများဆုံးတင်ပို့ရန် ရည်မှန်းထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရော်ဘာပင်များကို မွန်ပြည်နယ်တွင် အများဆုံးစိုက်ပျိုးကာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့၌လည်း အသီးသီးစိုက်ပျိုးကြောင်း သိရသည်။ မြန်မာနိုင်ငံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ရော်ဘာ တန်ချိန် ၂၀၀,၀၀၀ နီးပါး တင်ပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117