Connect with us

Media

ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ကိုးသောင်းကျော်ဝင်ရောက်

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်ဦးရေ ၉၄,၉၅၁ ကျော် ဝင်ရောက်ခဲ့ပြီး ဝင်ငွေ ကျပ် ၇၁၉ သိန်းကျော်ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ မေ ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)