Connect with us

Media

အလှမယ် သက်စံအန်ဒါဆန် Miss Universe ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့်ရ

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် Miss Universe Myanmar ပြိုင်ပွဲကြီးကို ရန်ကုန်မြို့ရှိ ရန်ကုန် ကွန်ဗင်းရှင်းစင်တာတွင် ဇွန် ၇ ရက် ညပိုင်းက ကျင်းပခဲ့ရာ ရန်ကုန်မြောက်ပိုင်း ကိုယ်စားပြုအလှမယ် သက်စံအန်ဒါဆန်က သရဖူဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံရှိမြို့ကြီးများမှ ကိုယ်စားပြုအလှမယ် စုစုပေါင်း ၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ရန်ကုန်မြောက်ပိုင်းခရိုင် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ၂၀၂၄ ခုနှစ် Miss Universe Myanmar သရဖူဆောင်းခဲ့သော အလှမယ် သက်စံအန်ဒါဆန်သည် မက္ကဆီကိုနိုင်ငံတွင် ကျင်းပမည့် ၇၃ ကြိမ်မြောက် Miss Universe ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၂၄ ခုနှစ် Miss Universe Myanmar ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်မှစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲမှာ ၁၁ ကြိမ်မြောက်ကျင်းပခြင်းဖြစ်ကြောင်း၊ ယခင်နှစ်က Miss Universe Myanmar သရဖူကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ကိုယ်စားပြုအလှမယ် အမရာဘိုက ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117