Connect with us

Media

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မတ် ၁၇ ရက်တွင် စတင်ကျင်းပ

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ် ၁၇ ရက်တွင် စတင်ကျင်းပနေပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲကို မတ်လ (၁၇) ရက်မှ မတ်လ (၂၂) ရက်အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီ၀ဗေဒ/ဘောဂဗေဒတို့ကို တစ်ရက်တစ်ဘာသာနှုန်းဖြင့် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပိတ်ရက်မရှိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ဧပြီနှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း ၁၂၈,၈၂၀ ဦးရှိသည့်အနက် ၇၄,၅၉၂ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၅၈% နီးပါး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117