Connect with us

Media

တရုတ်-အာဆီယံ သကြားကုန်စည်ပြပွဲသို့ စီးပွားရေးလုပ်ငန်း ၆၈၄ ခု ဝင်ရောက်ပြသ

နန်နင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တရုတ်-အာဆီယံ သကြားကုန်စည်ပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်း၌ ဇွန် ၃၀ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂ ရက်အထိ ကျင်းပမည့် အဆိုပါ ကုန်စည်ပြပွဲတွင် ပြခန်းဧရိယာ ၃၀,၀၀၀ စတုရန်းမီတာရှိကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ပြောခဲ့သည်။

ယင်းပြပွဲက ထုတ်လုပ်သူများနှင့် ဝယ်ယူသူများကြား ချိတ်ဆက်ပေးရန်၊ နည်းပညာဆိုင်ရာ ဖလှယ်မှုများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း တရုတ်သကြားအသင်း အကြီးအကဲ ယန်ဝေ့မင်က ပြောကြားခဲ့သည်။

အဆိုပါ ပြပွဲသို့ ဘရာဇီးနှင့် ထိုင်း ကဲ့သို့ ကမ္ဘာပေါ်တွင် သကြားအဓိကထုတ်လုပ်သောနိုင်ငံများရှိ သကြားအသင်းများမှ ကိုယ်စားလှယ်များ၊ နန်နင်းမြို့ရှိ ကမ္ဘောဒီးယားနှင့် မြန်မာ စသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ကောင်စစ်ဝန်ရုံးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကာ သကြားလုပ်ငန်း တိုးတက်ရေးနှင့် စီးပွားရေးပြန်လည်နာလန်ထူရေး မြှင့်တင်ရန် တက်ရောက်ခဲ့ကြသည်။

ကွမ်ရှီးဒေသသည် တရုတ်နိုင်ငံ၏ သကြားအများဆုံးထုတ်လုပ်သော ဒေသဖြစ်ပြီး ကြံစိုက်ပျိုးဧရိယာမှာ စုစုပေါင်း မူ (mu) ၁၁ သန်း (၇၃၃,၃၀၀ ဟက်တာခန့်) ရှိကာ နှစ်စဉ်သကြားထုတ်လုပ်မှု တန်ချိန် ၆ သန်းရှိကြောင်း သိရသည်။ (Xinhua)

…………………………..

(English Version)

684 enterprises attend China-ASEAN sugar expo

NANNING, June 30 (Xinhua) — A total of 684 enterprises participated in the China-ASEAN Sugar Expo that opened Friday in Nanning, the capital of southern China’s Guangxi Zhuang Autonomous Region.

The expo, which lasts till Sunday, has an exhibition area of 30,000 square meters, organizers said.
Yan Weimin, head of the China Sugar Association, said the expo aims to connect producers and buyers and promote technological exchanges and international cooperation.

Delegates from the industry associations in the world’s major sugar-producing countries like Brazil and Thailand and consulate generals of the ASEAN countries like Cambodia and Myanmar in Nanning attended the expo to promote the sugar industry development and economic recovery.

Guangxi is China’s largest sugar-producing region, with the sugar cane planting area totaling 11 million mu (about 733,300 hectares) and annual sugar output of 6 million tonnes.

Photo: Visitors are seen at 15th China-Asean Expo held at the Nanning International Convention and Exhibition Center in Nanning, south China’s Guangxi Zhuang Autonomous Region, Sept. 15, 2018. (Xinhua/Lu Boan)