Connect with us

Media

မန်စီ-မန္တလေး-ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် စတင်

ကူမင်း ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မန်စီမြို့ နှင့် မြန်မာနိုင်ငံ၏ မြို့ကြီးများ ဖြစ်သည့် မန္တလေးမြို့ နှင့် ရန်ကုန်မြို့တို့အကြား ပထမဆုံး အသွား-အပြန် အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်အား စတင်ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက တာဝန်ယူဆောင်ရွက်သည့် ပထမဆုံး ထိုကဲ့သို့လေကြောင်းပြေးဆွဲမှုသည် တက်ဟုန်း မန်စီလေဆိပ်သို့ ဇွန် ၂၉ ရက်တွင် ဆင်းသက်ခဲ့ကြောင်း သိရသည်။

မန်စီမြို့သည် မြန်မာနိုင်ငံနှင့်နယ်မြေချင်းထိစပ်နေသော ယူနန်ပြည်နယ် တိုင်လူမျိုးနှင့် ဂျိန်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၌ တည်ရှိသည်။

ယင်းလေကြောင်းခရီးစဉ်မှာ နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုများ ပိုမိုမြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။ (Xinhua)

……………………………………….

(English Version)

“Mangshi-Mandalay-Yangon” international flight launched

The first round-trip international route between southwest China’s Mangshi City and Myanmar’s major cities Mandalay and Yangon has been launched.

The first such flight, undertaken by Myanmar National Airlines, landed at the Dehong Mangshi Airport on Thursday.
Mangshi City is located in the Dai and Jingpo Ethnic Autonomous Prefecture of Dehong in Yunnan Province, which is adjacent to Myanmar.

It’s believed that the flight route will further boost people-to-people exchanges between the two countries.
Xinhua News Agency correspondents reporting from Kunming, China.(XHTV)