Connect with us

Videos

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးက အရင်းအမြစ်များအသုံးချကာ ဗဟိုအစိုးရ၏ အထောက်အပံ့ဖြင့် COVID-19 တိုက်ဖျက်သွားမည်ဟုဆို

ဟောင်ကောင်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရအနေဖြင့် COVID-19 ကူးစက်ရောဂါ အားတိုက်ဖျက်ရာတွင် အဓိက တာဝန်ရှိသည်ဟု အခိုင်အမာ ယူဆပါကြောင်းနှင့် ဗဟိုအစိုးရ၏ အထောက်အပံ့နှင့် အရင်းအမြစ်များကို ကောင်းမွန်စွာအသုံးချသွားမှာဖြစ်ကြောင်း မတ်လ ၉ ရက်နေ့က ပြောကြားခဲ့သည်။

တရားဝင်အချက်အလက်များအရ မတ် ၉ ရက်တွင် ဟောင်ကောင်၌ COVID-19 ပဉ္စမလှိုင်း ရိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ ၂,၆၅၆ ဦး အထိရောက်ရှိခဲ့ပြီး သေဆုံးခဲ့သူအများစုမှာ သက်ကြီးပိုင်းများဖြစ်ပြီး ပျမ်းမျှအားဖြင့် အသက် ၈၀ နှစ်နှင့်အထက်ရှိသူများဖြစ်ကြသည်။ ၎င်းတို့ထဲတွင်အများစုမှာ နာတာရှည်ရောဂါသည်များဖြစ်ကြသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး

ကယ်ရီလမ်း က “ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဌာနပေါင်း၆၀ကျော် နဲ့ ပြည်သူ့ဝန်ထမ်းပေါင်း ၁၈၀,၀၀၀ ဦးဟာCOVID-19 ကို တိုက်ဖျက်ဖို့စည်းရုံးသင့်ပါတယ်၊ ကပ်ရောဂါတိုက်ဖျက်ရေးကြိုးစား အားထုတ်မှုမှာ ရောဂါလက္ခဏာ ပြင်းထန်မှုတွေကို ကာကွယ်ဖို့နဲ့ သေဆုံးမှုနှုန်းတွေကိုလျှော့ချဖို့ဖြစ်ပါတယ်၊ ဗဟိုအစိုးရက ဒီမှာ သက်ကြီးလူနာအများအပြားနဲ့ သေဆုံးမှုနှုန်းတိုးမြင့်လာတာကိုမြင်တွေ့ခဲ့ပြီးတော့ ရောဂါလက္ခဏာပြင်းထန်သူတွေကိုကုသပေးဖို့ ကျွမ်းကျင်သူတွေကို စေလွှတ်ပေးခဲ့ပါတယ်။ အခုကျွန်မတို့ဟာ ပြည်မကြီးက ကျွမ်းကျင်ပညာရှင်တွေရဲ့ သိပ်ကိုအဖိုးတန်ပြီးအရေးကြီးတဲ့အကြံဉာဏ်တွေကိုရရှိထားပါတယ်၊ ဟောင်ကောင်ဒေသဟာ မုန်တိုင်းကြီးတွေတစ်ခုပြီးတစ်ခုကျော်ဖြတ်ပြီးချိန်တိုင်းမှာ ပိုမိုကောင်းမွန်ပြီး ပိုမိုကြံ့ခိုင်လို့လာပါပြီ၊ ဒီအချိန်ဟာလည်းချွင်းချက်မရှိပါဘူး။ ဗဟိုအစိုးရရဲ့ အထောက်အပံ့နဲ့ဒီအချိန်ဟာ ဟောင်ကောင်ပြည်သူတွေရဲ့ နိုင်ငံအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းအားထုတ်ရမယ့်အချိန်ဖြစ်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်” ဟုဆိုသည်။

လမ်းက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရက ဗဟိုအစိုးရ၏ အထောက်အပံ့ဖြစ်သည့် လူထုအခြေပြု သီးသန့်စောင့်ကြည့်ရေးအဆောင်များဆောက်လုပ်ပေးခြင်း အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ၎င်းမှာ ဒေသတွင်း လူနာများထားရှိရာ၌ များစွာအထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။

……………………………
(English Version)

GLOBALink | HKSAR chief executive to leverage resources, central gov’t support to fight COVID-19
HONG KONG, March 10 (Xinhua) — Chief Executive of China’s Hong Kong Special Administrative Region (HKSAR) Carrie Lam on Wednesday said the HKSAR government is firmly assuming the main responsibility in fighting a war against the COVID-19 epidemic and will better leverage the resources and the central government’s support.
According to official data, as of Wednesday, the fifth wave of infections in Hong Kong has led to 2,656 deaths, and the vast majority of the deceased were the elderly whose median age was more than 80 years old. Most of them also had chronic conditions.
Lam said the HKSAR government is particularly grateful for the central government’s support in building community isolation facilities, which have greatly enhanced the local capacity.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.