Connect with us

Videos

အင်္ဂါဂြိုဟ် နှင့် ကမ္ဘာ အနီးဆုံး ရောက်ရှိ ချိန်တွင် အင်္ဂါဂြိုဟ်လေ့လာရေး ခရီးစဉ်များစတင်ခြင်းဖြစ်

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

သင်သည် အင်္ဂါဂြိုဟ်ပေါ်သို့ အလည်အပတ်သွားရောက်လိုပါက ယခုအချိန်သည် အချိန်ကောင်း တစ်ခုပင် ဖြစ်သည်။ ရာသီစက်ဝန်း ၏ ၂၆ လပြည့်သည့်အချိန်တိုင်း အင်္ဂါဂြိုဟ် သည် ကမ္ဘာ နှင့်အနီးဆုံး သို့ရောက်ရှိပြီး ယခုနှစ် နွေရာသီအရောက်တွင် အင်္ဂါဂြိုဟ် (ခေါ်) ဂြိုဟ်နီ နှင့် ကမ္ဘာ့ အနီးဆုံးသို့ ရောက်ရှိမည်ဖြစ်သောကြောင့် အာကာသယာဉ်လွှတ်တင်ရာတွင် လောင်စာဆီ ကုန်ကျမှုကို သက်သာ စေမည်ဖြစ်သည်။ အာရပ်စော်ဘွားများပြည်ထောင်စု၊ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ယခုနှစ်နွေရာသီအတွင်း ၎င်းတို့၏ အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်များကို လွှတ်တင်ရန် စီစဉ်လုပ်ဆောင်ခဲ့သည်။ ပြီးခဲ့သည့် တနင်္လာနေ့က အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် အာရပ်ကမ္ဘာ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပတ်လမ်းလေ့လာရေးယာဉ် ဖြစ်သည့် ၁.၅ တန်အလေးချိန်ရှိ Hope Probe ကို အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ ၎င်းယာဉ်မှာ အင်္ဂါဂြိုဟ်သို့ ၂၀၂၁ ခုနှစ်တွင်ရောက်ရှိမည်ဖြစ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တည်ထောင်ခဲ့သည့် နှစ် ၅၀ ပြည့် အခါသမယ အထိမ်းအမှတ်အဖြစ် လွှတ်တင်ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံက ပြီးခဲ့သည့် ကြာသပတေးနေ့တွင် Long March 5 ဒုံးပျံသယ်ဆောင်ရေးယာဉ်ဖြင့် အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်တစ်စင်းကို ပထမဆုံးအင်္ဂါဂြိုဟ်လေ့လာရေး ခရီးစဉ်အဖြစ် လွှတ်တင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ အင်္ဂါဂြိုဟ် လေ့လာရေး 2020 Perseverance rover (လဆင်းယာဉ်)  မှာ ဇူလိုင် ၃၀ ထက်စော၍ လွှတ်တင်နိုင်ဖွယ်မရှိကြောင်း NASA က ထုတ်ပြန်သည်။ ၎င်း (လဆင်းယာဉ်) အား အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်မှ လွှတ်တင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အင်္ဂါဂြိုဟ်သို့ ဆင်းသက်နိုင်မည်ဟု ခန့်မှန်းရသည်။

အင်ဂျင်နီယာတစ်ဦးဖြစ်သည့် Zhu Xiaole က “ ကျွန်တော်တို့အားလုံးသိရှိပြီးထားကြတဲ့အတိုင်းပါပဲ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာဂြိုဟ်တို့ ဟာ နေကို ဝန်းရံကာ လည်ပတ်နေတာဖြစ်ပြီး သူတို့ကြားအကွာအဝေးဟာ အမြဲ ပြောင်းလဲ နေပါတယ်။ အနီးဆုံးအကွာအဝေးဟာ ကီလိုမီတာ သန်းပေါင်း ၅၅ သန်းဝန်းကျင်ရှိပြီး အဝေးဆုံးအကွာအဝေးမှာ ကီလိုမီတာ သန်း ၄၀၀ ကျော်အထိ ရှိပါတယ်။ အကွာအဝေးဟာ အနီးဆုံးရောက်ရှိနေချိန်မှာ လေးလံလှတဲ့ အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်တစ်စင်း (a heavier probe)ကို အင်္ဂါဂြိုဟ်ပေါ်သို့ပို့ဆောင်စေလွှတ်နိုင်တာဟာ ကုန်ကျစရိတ် သင့်တင့်သလောက်နည်းပါးစေပါတယ်။ ဒီနှစ် ၂၀၂၀ ပြည့်နှစ်ဟာဆိုရင် အင်္ဂါဂြိုဟ်နှင့် ကမ္ဘာဂြိုဟ်တို့ဟာအချင်းချင်းနီးကပ်စွာ တည်ရှိနေကြပါတယ် ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လေးလံလှတဲ့ အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်တစ်စင်း (a heavier probe)ကို အင်္ဂါဂြိုဟ်ပေါ်သို့ပို့ဆောင်စေလွှတ်ခဲ့ တာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းကျွန်တော်တို့ အခုနှစ်ထဲမှာ အင်္ဂါဂြိုဟ်လေ့လာရေးခရီးစဉ်ကို အကောင်အထည်ဖော်ခဲ့ကြတာဖြစ်ပါတယ်” ဟုဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.