Connect with us

Videos

ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အအုံ ဖွင့်လှစ်

ရှန်ဟိုင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ အမြင့်ဆုံး အဆောက်အအုံ ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးဖြစ်သည့် ရှန်ဟိုင်းရှိ အထပ် ၁၁၈ ထပ် ရှိ မိုးမျှော် အဆောက်အအုံကို ဧပြီလ ၂၆ ရက်နေ့ က ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အဆောက်အအုံမှာ ၆၃၂ မီတာ မြင့်မားပြီး ၁၁၈ လွှာကို လာရောက်ကြည့်ရှုသူများအတွက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အမြန်ဆုံး ဓါတ်လှေခါး ဖြင့် တည်ဆောက်ထားခြင်းဖြစ်သောကြောင့် ကြာချိန် ၅၅ စက္ကန့်ဖြင့် ၅၄၆ မီတာအထိ ရောက်ရှိနိုင်သည်။ ထို မိုးမျှော်အဆောက်အအုံမှတစ်ဆင့် ရှန်ဟိုင်း တမြို့လုံးအား ၃၆ဝ

ဒီဂရီ panoramic မြင်ကွင်းဖြင့်ကြည့်ရှုနိုင်မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.