Connect with us

Videos

တရုတ်နိုင်ငံက ကောင်းကင်ရထားလမ်းများကို ဖောက်လုပ်ရန်ရှိ

စီချွမ်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ယခုနှစ်အတွင်း ကောင်းကင်ရထားလမ်း ၂ ကြောင်းကို ဖောက်လုပ် တည်ဆောက်သွားမည်ဟုသိရသည်။ ကောင်းကင် ရထားမှာ သံလမ်းတစ်ကြောင်းတည်းတွင် မောင်းနှင်နိုင်ပြီးလမ်းကြောင်းရွှေ့ပြောင်းနိုင်ကာ တစ်နာရီလျင် ၆ဝ ကီလိုမီတာ အထိမောင်းနှင်နိုင်သည်။ လီသီယံ ဓါတ်ခဲများစွမ်းအင်ဖြင့်လည်ပတ်သည့်အဆိုပါရထားသည် ပန်ဒါကြီးများကျက်စားရာ စီချွမ်တွင်ပြေးဆွဲသည်။ ၂ဝ၁၈ ခုနှစ်ကုန်ပိုင်းတွင် အများပြည်သူ သုံးစွဲနိုင်ရန် ရည်ရွယ်ထားသည်။ ထိုရထားများပြေးဆွဲရန်အတွက် ကောင်းကင်ရထားလမ်းကို ထပ်မံဖောက်လုပ်မည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.