Connect with us

Videos

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လန်ဒန်သို့ရောက်ရှိ

လန်ဒန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇနီး ဖျိန်လိယွမ် နှင့် အတူ ဘုရင်မ အဲလိဇဘတ် ၂ ၏ ဖိတ်ကြား ချက်ဖြင့် ဗြိတိန်နိုင်ငံ သို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် သွားရောက်ခဲ့ရာ အောက်တိုဘာလ ၁၉ ရက် ညနေတွင် လန်ဒန်မြို့သို့ ရောက်ရှိခဲ့ပါသည်။

သမ္မတရှီ လိုက်ပါလာသော လေယာဉ်သည် ဒေသစံတော်ချိန် ညနေ ၈း၀၀ နာရီ၌ ဟိတ်သရိုး (Heathrow) လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ သမ္မတရှီတို့ ဇနီးမောင်နှံအား ဘုရင်မကြီး ကိုယ်စား အထက်လွှတ်တော် အမတ်များက ကြိုဆိုခဲ့ကြသည်။ ကြိုဆိုပွဲအခမ်းအနားတွင် ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီး ဖိလစ်ဟန်မန်း လည်းပါဝင်ခဲ့သည်။

“တရုတ်နိုင်ငံ အနေဖြင့် ဗြိတိန်နိုင်ငံ နှင့် ဆက်ဆံရေး တိုးတက်ဖို့ အလွန်ပဲ အလေးထားပါတယ်” တရုတ်နိုင်ငံ သမ္မတက ဗြိတိန်နိုင်ငံ သို့ ရောက်ရှိပြီးချင်း ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက် ၌ ပြောကြားခဲ့သည်။

ရှီ ၏ ဗြိတိန်နိုင်ငံ ခရီးစဉ်သည် အောက်တိုဘာလ ၂၃ ရက် တွင် အဆုံးသတ်မည်ဖြစ်ပြီး ၂၀၀၅ ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံ သမ္မတအဖြစ် ပထမဆုံး အကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.