Connect with us

Videos

မြန်မာကုမ္ပဏီဥပဒေကို၂၀၁၈ခုနှစ် သြဂုတ်လ၌ စတင်ကျင့်သုံးနိုင်ရန် ဆောင်ရွက်

ရန်ကုန်၊ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာကုမ္ပဏီဥပဒေကို ၂၀၁၈ခုနှစ် သြဂုတ်လ ၁ရက်နေ့၌ စတင်ကျင့်သုံးနိုင်ရန် ဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။ မြန်မာကုမ္ပဏီ ဥပဒေကိုပြဌာန်းလိုက်ပြီဖြစ်သော်လည်းဥပဒေကို အသုံးပြု၍မရသေးကြောင်း၊ လက်ရှိ အသစ်ပြဌာန်းလိုက်သော မြန်မာကုမ္ပဏီ ဥပဒေနှင့်ပတ်သက်ပြီး လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ပြုလုပ်ရန် ကျန်ရှိခြင်း၊ online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သော ဥပဒေထွက်ရန် ကျန်ရှိခြင်း၊ ဥပဒေများအား မည်သို့ကျင့်သုံးရမည်ကို ဝန်ကြီးဌာနနှင့်ညှိနှိုင်းရန် ကျန်ရှိခြင်းစသည့် အချက်များကို ၂၀၁၈ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်၌ အပြီးသတ်ဆောင်ရွက်ပြီးသြဂုတ်လအတွင်း ဥပဒေသစ်ကို စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ ၁၉၄၁ခုနှစ် မြန်မာကုမ္ပဏီဥပဒေကို Updateဖြစ်အောင်လုပ်ခဲ့တယ်၊မျှတတဲ့ဥပဒေဖြစ်အောင်နဲ့ ခုစီးပွားရေးနဲ့ ကိုက်ညီအောင်လုပ်ထားပါတယ်”ဟု ဦးအောင်နိုင်ဦး ကပြောခဲ့သည်။ မြန်မာကုမ္ပဏီဥပဒေသည်onlineစနစ်ဖြင့် ကုမ္ပဏီမှတ်ပုံတင်နိုင်ခြင်းများကြောင့် စီးပွားရေးသမားများအတွက် လွယ်ကူမှုရှိပြီးတိုးတက်မှုများရှိလာနိုင်ကြောင်းလည်း ဦးအောင်နိုင်ဦးက ပြောသည်။ အသစ်ပြဋ္ဌာန်းသောကုမ္ပဏီ ဥပဒေနှင့်ဆက်စပ်၍ မြန်မာ ကုမ္ပဏီများတွင်နိုင်ငံခြားသား များ၏ ရှယ်ယာပါဝင်မှုအချိုးကို အများဆုံး ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုထားကြောင်းသိရ သည်။ လက်ရှိပြဌာန်းသောကုမ္ပဏီဥပဒေသစ်တွင် နိုင်ငံခြားသားပိုင် ကုမ္ပဏီများသည် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ဝယ်ယူခွင့်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.