Connect with us

Videos

မွေးမြူရေးစင်တာရှိပန်ဒါလေးအား တောတောင် သဘာဝအတွင်း နေတတ်စေရန်လေ့ကျင့်ပေး

စီချွမ်၊ မေ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ချန်ဒူးပန်ဒါများ မွေးမြူစောင့်ရှောက်ရေးနှင့် သုတေသနစင်တာတွင် Qianqian အမည်ရ အသက် ၃ နှစ်အရွယ်ပန်ဒါလေးတစ်ကောင် အား ၂ နှစ်ခန့်အချိန်ယူကာ အစားအစာများ နှင့် သောက်သုံးရေကို ကိုယ်တိုင်ရှာဖွေစားသောက်နိုင် ရန်နှင့် အန္တရာယ်ကိုလည်းရှောင်ရှားနိုင်ရန် တောတောင်ရေမြေ သဘာဝနှင့်လိုက်လျောညီထွေစွာ နေထိုင်တတ်စေရန် လေ့ကျင့်မွေးမြူလျက်ရှိသည်။ ၎င်း၏ အလေးချိန်မှာ မူလက ၆၉ ကီလိုဂရမ်ရှိရာမှ လက်ရှိတွင် ၇၈ ကီလိုဂရမ်အထိ တိုးလာခဲ့သည်။ မွေးမြူရေးစင်တာ တာဝန်ရှိသူများက ၎င်းတွင် GPS ပါဝင်သည့် လည်ပတ်ကို တပ်ဆင်ပေးထားပြီး လှုပ်ရှားမှုများကို စောင့်ကြည့်ထားကြသည်။ Qianqian သည် ပြင်ပသဘာဝနဲ့ လိုက်လျောညီထွေစွာ နေထိုင်သွားလာတတ်စေရန် လေ့ကျင့်ပေးခံရသည့် ၄ကောင်မြောက်ပန်ဒါလည်းဖြစ်သည်။ ထိုသို့လေ့ကျင့် သင်ကြားပြီးပါက ထို ပန်ဒါလေးများကို မွေးမြူရေးစင်တာကနေ သဘာဝ တောထဲသို့ ပြန်လွှတ် ပေးမည်ဖြစ်သည်။ ပန်ဒါ အရေအတွက်များ ပိုမိုများပြားလာစေရန် ထိုသို့လေ့ကျင့်ပေးခြင်း ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံ၌ ပန်ဒါပေါင်း ၁၈၄၆ ကောင်ရှိပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117