Connect with us

Videos

လက်ဝါးပြင်နှစ်ဖက် မရှိသော်လည်း အကောင်းဆုံးသင်ပြပေးသည့် တရုတ်နိုင်ငံမှ ကျောင်းဆရာတစ်ဦး

ချင်းဟိုင်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် Xining မြို့တွင် hui တိုင်းရင်းသားလူမျိုးစုဝင်တစ်ဦးဖြစ်သည့် Ma Fuxing ဆိုသူ မှာ Ma’er  မူလတန်းကျောင်းတွင် ကျောင်းဆရာအဖြစ် သင်ကြားပြသလျှက်ရှိသည်မှာ နှစ်ပေါင်း ၄၀ ခန့် ရှိပြီဖြစ်သည်။ Ma သည် အသက် ၄ လအရွယ်ကတည်းက မတော်တဆမှုတစ်ခုကြောင့် လက်နှစ်ဖက်စလုံးတွင် လက်ဝါးပြင်များမရှိတော့သူတစ်ဦးလည်းဖြစ်သည်။

၁၉၈၁ ခုနှစ်ကတည်းက ယခု ကျောင်းတွင် ကျောင်းဆရာ အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ကျောက်သင်ပုန်းတွင် စာရေးသားခြင်း၊ အတန်းအတွက် ပြင်ဆင်ခြင်းစသည့် သာမန်လူများလွယ်ကူစွာလုပ်ကိုင်နိုင်သည့်အလုပ်များကို ခက်ခဲစွာ ကြိုးစားလုပ်ကိုင်နိုင်ခဲ့သော အံ့မခန်း ဇွဲသတ္တိရှင် တစ်ဦးလည်းဖြစ်သည်။ “ National Most Beautiful Rural Teacher” ဆု ကို ချီးမြှင့်ပေးအပ် ခံရသည့် Ma မှာ ယခုတွင် အသက် ၆၀ နှစ်ရှိပြီဖြစ် ပြီး ကျောင်းဆရာအဖြစ်မှ အငြိမ်းစားယူတော့မည်ဖြစ်သည်။ Ma Fuxing ကို ကျောင်းသားများကလည်း ဖခင်တစ်ဦးသဖွယ် ရိုသေလေးစားကြကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.