Connect with us

Videos

အမေရိကန်အခြေစိုက်Tesla ကားကုမ္ပဏီ ၏ တရုတ်နိုင်ငံထုတ်ကားများ မကြာမီ ဈေးကွက်ဝင်မည်

ရှန်ဟိုင်း၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ကမ္ဘာကျော် မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် Tesla ကုမ္ပဏီသည် တရုတ်နိုင်ငံရှန်ဟိုင်းမြို့တွင် ထုတ်လုပ်သည့် လျှပ်စစ်မော်တော်ယာဉ် Model 3 ကို တရားဝင်မိတ်ဆက်ခဲ့သည်။ Tesla ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် ၎င်းတို့၏ မော်တော်ယာဉ်များကို လာမည့် ဇန်နဝါရီလ မကုန်ခင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည်ဟုဆိုသည်။ ယခုမိတ်ဆက်သည့် Model 3အမျိုးအစား မော်တော်ယာဉ်များကိုလည်း တရုတ်နိုင်ငံ ရှိ Teslaမော်တော်ကားအရောင်းစင်တာများတွင် ရောင်းချသွားမည်ဖြစ်သည်။ Model 3 မော်တော်ယာဉ်၏ အဖွင့်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၀၆၀၀ ဝန်းကျင်ဖြစ် ပြီး ၎င်းမှာ လက်ရှိ တရုတ်နိုင်ငံတွင်ရောင်းချနေသည့် အမေရိကန်နိုင်ငံထုတ် Tesla ကားများ ၏ ဈေးနှုန်းထက် နည်းပါးသည်။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားအခြေစိုက် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် Tesla မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ က တရုတ်နိုင်ငံရှန်ဟိုင်းမြို့ တွင် မော်တော်ယာဉ်ထုတ်လုပ်သည့် စက်ရုံကြီးတစ်ခုကို ယခုနှစ် ဇန်နဝါရီလက စတင် တည်ဆောက်ခဲ့ပြီး ၎င်းမှာ ရှန်ဟိုင်းမြို့၏ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းတစ်ခုဖြစ်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.