Connect with us

Videos

အကွေ့အကောက်ပေါင်း ၆၈ ခုရှိ အဝေးပြေးလမ်း

ယူနန်၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ Jing’anshao ကျေးရွာတွင် အကွေ့အကောက်ပေါင်း ၆၈ ခုရှိ တောင်ပေါ်လမ်း ဖောက်လုပ်ထားသည်။ အဆိုပါလမ်းမှာ စုစုပေါင်း ၆.၃ ကီလိုမီတာအရှည်ရှိပြီး လမ်းဖောက်လုပ်ရေးသမိုင်းတွင် အကွေ့အကောက်များစွာအကြားထူးချွန်စွာဖောက်လုပ်နိုင်ခဲ့သည့် မှတ်တမ်းဝင်ခဲ့သည်။

“၁၉၉၅ ခုနှစ်မှာ ဒီလမ်းကိုဖောက်လုပ်ပြီးစီးပြီးတော့ ကျွန်တော်တို့ တောင်အောက်ကိုဆင်းပြီးဈေးသွားတဲ့အခါ ဝန်စည်စလည်တွေကို ပုခုံးနဲ့ထမ်းသယ်ပိုးစရာ မလိုတော့ပါဘူး။” ဟု ဒေသခံတစ်ဦးကဆိုသည်။

အဆိုပါအကွေ့အကောက်များစွာဖြင့်ဖောက်လုပ်ထားသည့်လမ်းက ယူနန်ပြည်နယ်၏ သွားလာရေး ခက်ခဲမှုပြယုဂ် တစ်ခုဖြစ်ခဲ့ပြီး ယခုအခါတွင် ယူနန်ပြည်နယ်၏ သဘာဝအလှရှုခင်းတစ်ခုလည်းဖြစ်လာခဲ့သည်။

ယူနန်ပြည်နယ် တွင်ရှီအန်း A အဆင့်ရှိ အဝေးပြေးလမ်းကို ဆိုလျှင်လည်း ၁၉၉ဝ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့သည်။ ထို့အပြင် ယူနန်ပြည်နယ်နှင့် ဆုန်မင်းဒေသကို ဆက်သွယ်သည့် အဝေးပြေးလမ်းကိုလည်း ၁၉၉၆ ခုနှစ်တွင် ဖောက်လုပ် ပြီးစီးခဲ့သည်။ ယူနန်ပြည်နယ်တစ်ခုလုံးတွင် ချိတ်ဆက်ဖောက်လုပ်ထားသည့်အဝေးပြေးလမ်းကွန်ရက်မှာ ၂ဝ၁၇ ခုနှစ်အကုန်တွင် အရှည်အားဖြင့် ၂၄၂၅ဝဝ ကီလိုမီတာအထိ ရောက်ရှိခဲ့သည်။ ၎င်းမှာ ၁၉၇၈ ခုနှစ်က အဝေးပြေးလမ်းများ အရှည်ထက် ၅.၈ ဆ ပိုမိုများပြားခဲ့ပြီး တရုတ်နိုင်ငံ၏ ပြည်နယ်များ အားလုံးထဲတွင် အဝေးပြေးလမ်းအရှည်ဆုံးအဆင့် နံပါတ် ၅ နေရာတွင်ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.