Connect with us

Videos

အမျိုးသားပြည်သူ့ ညီလာခံနှင့် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံတို့ ကျင်းပ

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အမြင့်ဆုံးသောဥပဒေပြုအဖွဲ့အစည်းကတော့ အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) လို့လည်းသိကြတဲ့ တရုတ်နိုင်ငံ လွှတ်တော် ဖြစ်ပါတယ်။ အမျိုးသား ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို နှစ်စဉ် မတ်လမှာ ကျင်းပပါတယ်။

အမျိုးသား ပြည်သူ့ ကွန်ဂရက်မှာ တစ်နိုင်ငံလုံးက လူတန်းစားမျိုးစုံနဲ့ လူမျိုးစုမျိုးစုံမှ ညီလာခံ ကိုယ်စားလှယ် ၃,၀၀၀ ခန့် ပါဝင်ပါတယ်။ အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) က ဥပဒေများကို ရေးဆွဲပြဌာန်းနိုင်ပြီး အစိုးရကိုလည်း အကြံဉာဏ်ပေး ကြီးကြပ်နိုင်ပါတယ်။ နိုင်ငံဖွံ့ဖြိုးမှုအတွက် အစိုးရဲ့အစီရင်ခံစာနှင့် အသုံးစရိတ်တို့ကို စိစစ်နိုင်ပါတယ်။ သမ္မတ၊ ဒု-သမ္မတ ၊ ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများကို ရွေးချယ်နိုင်ပါတယ်။

NPC နှစ်ပတ်လည် အစည်းအဝေးမှာ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြုလုပ်သွားမှာဖြစ်ပြီး အစိုးရရဲ့ နှစ်ပတ်လည် လုပ်ငန်း အစီရင်ခံစာကို ဝန်ကြီးချုပ်က တင်ပြမှာဖြစ်ပါတယ်။ ဖွင့်ပွဲ အခမ်းအနားမှာ ယခင်နှစ် ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ပြီး လာမည့်နှစ်အတွက် စီမံချက်များကို အဆိုပြုကြမှာပါ။ ဒီအထဲမှာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းနဲ့ ကာကွယ်ရေး အသုံးစရိတ်တို့က အမြင့်ဆုံးဖြစ်ကြပါလိမ့်မယ်။ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့က သတင်းစာ ရှင်းလင်းပွဲတွေ ပြုလုပ်မှာဖြစ်ပြီး ဝန်ကြီးများကလည်း မီဒီယာများရဲ့ မေးမြန်းချက်များကို ဖြေကြားကြမှာပါ။

အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) ကျင်းပမှုနှင့် တစ်ချိန်တည်းမှာပဲ ၁၂ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) အစည်းအဝေးကိုလည်း တစ်ပြိုင်တည်းကျင်းပမှာပါ။ CPPCC မှာ အတိုင်ပင်ခံ ၂၀၀၀ ခန့်ပါဝင်ပြီး ဂျက်ကီချမ်း နှင့် ရောင်မင်းတို့လိုမျိုး ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလည်းပါဝင်ပါမယ်။

၂၀၁၆ ခုနှစ်အတွင်းက NPC မှာ ၂၀၁၆-၂၀၂၀ ငါးနှစ်စီမံကိန်းကို အတည်ပြုခဲ့ပါတယ်။ ၂၀၁၈ မှာတော့ NPC ရဲ့ ညီလာခံ ကိုယ်စားလှယ်တွေကို ပြန်လည်ရွေးချယ်မှာပါ။ ဒါကြောင့် ၂၀၁၇ ခုနှစ် NPC အစည်းအဝေးမှာ စီးပွားရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံချက်များကို အလေးထားမယ်လို့ ယူဆပါတယ်။

တစ်ပြိုင်တည်းမှာပဲ ၂၀၂၀ ခုနှစ် ငါးနှစ်တာစီမံကိန်း မျှော်မှန်းချက်တွေ ပြည့်မီဖို့ NPC က အစိုးရကို လမ်းညွှန်ကာ အလယ်အလတ်တန်းစား လူတန်းစားပေါများပြီး ပိုမိုချမ်းသာကြွယ်ဝတဲ့ လူ့အသိုင်းအဝိုင်းတစ်ခု ပေါ်ထွန်းလာရေး ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ရပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.