Connect with us

Videos

Diaoyu ကျွန်းအကြောင်းရိုက်ကူးသူ ဂျာမန်ဒါရိုက်တာ ရှန်ဟိုင်းတွင် ရုပ်ရှင်စတူဒီယိုဖွင့်လှစ်

ပိုးလမ်းမကြီး၊ယူနန်နှင့်တိဘက် စသည့် တရုတ်နိုင်ငံ၏အကြောင်း မှတ်တမ်းရုပ်ရှင် စုစုပေါင်း ၁၇ ခုကို ဖန်တီးခဲ့သည့် အသက် ၇၇ နှစ် အရွယ် ဂျာမန်လူမျိုး ဒါရိုက်တာ Chris D. Nebe သည် သူ၏စတူဒီယို ကို ဟောင်ခို ခရိုင် ရုပ်ရှင်ဇုံမှာ စက်တင်ဘာလ (၃) ရက်နေ့ တွင်ဖွင့်လှစ်ခဲ့ပါသည်။

သူသည် မိနစ် (၄၀) စာရှိသည့် “Diaoyu Islands: The Truth” ဆိုသည့် မှတ်တမ်းရုပ်ရှင်အား သူ့ကိုယ်ပိုင်ငွေမှ အမေရိကန်ဒေါ်လာ ၅ သိန်းကို အကုန်အကျခံပြီး ၁ နှစ်တိတိ ကြိုးစားရိုက်ကူးခဲ့သူဖြစ်ပါသည်။ အဆိုပါမှတ်တမ်းရုပ်ရှင်ထဲတွင် သရောက်ယွီ (Diaoyu) ကျွန်းသည် ရှေးယခင်ကတည်းက တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဒေသတစ်ခုဖြစ်ကြောင်းဖော်ပြထားပြီး ၂၀၁၄ ခုနှစ် မတ်လက လော့စ်အိန်ဂျလိစ်မြို့တွင် ပြသခဲ့သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော်ကာလအတွင်းက နိုင်ငံခြားသားများကြောင့် ပြည်တွင်းမှာဘေးဒုက္ခများစွာခံစားခဲ့ရကြောင်း၊ နှစ်ပေါင်း ၂၀၀ ကျော်ရုန်းကန်လာခဲ့ ပြီးနောက် နောက်ဆုံးတွင် ပြန်လည် တိုးတက်လာခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အလှအပအား ကမ္ဘာကို ပြန်လည်ဝေမျှလိုတဲ့ဆန္ဒများကြောင့် အဆိုပါ တရုတ်နိုင်ငံဆိုင်ရာ မှတ်တမ်းရုပ်ရှင်များအား ရိုက်ကူးခြင်းဖြစ်ကြောင်း ဒါရိုက်တာ Nebe ကပြောသည်။

သူဟာ ဂျူးလူမျိုးများနေထိုင်ရာဒေသကို ဟောင်ခို စည်ပင်သာယာရေးအဖွဲ့မှ ပြန်လည်ထိန်းသိမ်းမှုများပြုလုပ်သည့်အကြောင်းအရာနှင့်ပတ်သက်ပြီး ရှန်ဟိုင်းဂျူးလူမျိုးများအကြောင်းမှတ်တမ်းရုပ်ရှင်ရိုက်ကူးရန်စိတ်ဝင်စားလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.