Connect with us

Videos

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ယန်မင်ဆန်းတောင်၏ ဆောင်းရာသီ ဆီးနှင်းအလှ မြင်ကွင်းများ

ဟူနန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ဒီဇင်ဘာလအစောပိုင်းတွင် ပြင်းထန်သော လေထုအေး၏သက်ရောက်မှုကြောင့် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ရုန်ကျိုးမြို့ စွမ်းဖိုင်ခရိုင် ယန်မင်ဆန်းတောင် အမျိုးသား သစ်တောဥယျာဉ်တွင် ယခုနှစ်ဆောင်း၏ ပထမဆုံး ဆီးနှင်းများကျရောက်ခဲ့သည်။

တောင်တန်းအသွယ်သွယ်ကို ဆီးနှင်းဖွေးဖွေးများ ဖုံးအုပ်ခဲ့ပြီး တစ်တောင်လုံးရှိ သစ်ပင်များအပေါ် ဆီးနှင်းများ လွှမ်းခြုံခဲ့သော ဒဏ္ဍာရီပမာ မြင်ကွင်းအား ယင်းနေရာ၌ တွေ့နိုင်မည် ဖြစ်သည်။ယန်မင်ဆန်းတောင် အမျိုးသား သစ်တောဥယျာဉ်သည် တရုတ်နိုင်ငံတောင်ပိုင်း၊ အရှေ့ပိုင်း၊ အလယ်ပိုင်းရှိ သစ်ပင်ပန်းမာန်ဇုန်တို့ ဆုံစည်းရာနေရာတွင် တည်ရှိသည်။ ယင်းနယ်မြေရှိ တောင်တန်းဒေသ ၇၀ ရာခိုင်နှုန်းသည် ပင်လယ်ရေမျက်နှာပြင် ၁,၀၀၀ မီတာအထက်၌ ရှိပြီး နိုင်ငံ၏ အဓိကကာကွယ်ထိန်းသိမ်းထားသော တောရိုင်းအပင် အမျိုးပေါင်း ၂၀ ကျော် ရှိကြောင်း သိရသည်။ (Xinhua)
————————-

湖南阳明山:冬雪雾凇美
12月上旬,受强冷空气影响,湖南省永州市双牌县阳明山国家森林公园迎来今冬第一场雪。
连绵的山峦被白雪覆盖,满山的植被裹着一层厚厚的冰凌,宛如童话世界。
阳明山国家森林公园处于华南、华东、华中三大植物区系的交汇点,境内70%的山地海拔在1000米以上,有20多种国家重点保护野生植物。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.