Connect with us

Videos

ဂါဇာမှ အစ္စရေးသို့ ဒုံးကျည်အမြောက်အမြား ပစ်လွှတ် ၊ အစ္စရေးနိုင်ငံသား ၂၂ ဦးထက်မနည်း သေဆုံး

အစ္စရေး ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

ဂါဇာမှ အစ္စရေးနိုင်ငံဘက်သို့ ပါလက်စတိုင်းစစ်သွေးကြွအများအပြား ထိုးဖောက်ဝင်ရောက်နေစဉ် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံဘက်သို့ ဒုံးကျည်အမြောက်အမြား ပစ်လွှတ်ခဲ့စဉ် အစ္စရေးနိုင်ငံဘက်မှ ပြန်လည်တိုက်ခိုက်နေကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။နှစ်ဘက်အကြား တိုက်ပွဲဖြစ်ပွားမှုအသစ်ကြောင့် အစ္စရေးနိုင်ငံသား ၂၂ ဦး သေဆုံးခဲ့ကြောင်း အစ္စရေး ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များက ပြောကြားခဲ့သည်။အစ္စရေးအား ပစ်မှတ်ထားသည့် အငိုက်ဖမ်းတိုက်ခိုက်မှုသည် Simchat Torah အစ္စရေးအားလပ်ရက် နံနက်ပိုင်း ဒေသစံတော်ချိန် နံနက် ၇ နာရီ(ဂရင်းနစ်စံတော်ချိန် ၀၄၀၀) မတိုင်မီ မိနစ်အနည်းငယ်တွင် စတင်ခဲ့သည်။ အစောပိုင်းတွင် အစ္စရေးအရေးပေါ်ဝန်ဆောင်မှုဌာနဖြစ်သည့် Megan David Adom က အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်းနှင့် လူတစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————-
Massive rockets fired from Gaza into Israel, at least 22 Israelis killed
Massive rockets were fired from the Gaza Strip into Israel, while a number of Palestinian militants have penetrated into Israel from Gaza, the Israeli military said Saturday, while hitting back.
According to Israeli medical sources, the new round of conflict between the two sides has already killed 22 Israelis.
The surprise attack targeting Israel started a few minutes before 7 a.m. local time (0400 GMT) on the morning of Israeli holiday Simchat Torah. Earlier the Israeli emergency service Megan David Adom said one civilian was killed and over a dozen injured.