Connect with us

Videos

ရွှေတံဆိပ်ဆုရ ပိုက်ကျော်ခြင်းနှင့် ကြေးတံဆိပ် နှစ််ဆုရခဲ့သည့် လှေလှော်အဖွဲ့တို့ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၈ ရက်အထိ တရုတ်နိုင်ငံ ၊ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် အောက်တိုဘာလ ၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အဆိုပါ အားကစားအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား/သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ၏ မိဘဆွေမျိုးများက ပန်းစည်းများ၊အိုးစည်၊ ဒိုးပတ်များဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ (Xinhua)