Connect with us

Videos

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း Nimroz ပြည်နယ်တွင် တရုတ်နိုင်ငံက လှူဒါန်းသည့် အကူအညီများအား အာဖဂန်မိသားစု ၄၀၀ လက်ခံရရှိ

ကဘူးလ် ၊ မတ် ၂၆ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တာဝန်ရှိသူများသည် နိုင်ငံအနောက်ပိုင်း Nimroz ပြည်နယ်၌ မတ် ၂၃ ရက်တွင် တရုတ်နိုင်ငံက လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအား မိသားစု ၄၀၀ ထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း ဒုက္ခသည်များနှင့် နေရပ်ပြန်ရေးဆိုင်ရာ ပြည်နယ်ညွှန်ကြားရေးမှူး Mawlawi Sediqullah Nasrtat က မတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပြည်နယ်ရဲ့ မြို့တော် Zaranj မှာ ရှိကြတဲ့ ဆင်းရဲနွမ်းပါးတဲ့ မိသားစု ၄၀၀ ကို ကျွန်တော်တို့ ဖြန့်ဝေပေးခဲ့ပါတယ်။မိသားစုတစ်စုကို ဆန် ၅၀ ကီလိုဂရမ် အိတ်တစ်အိတ် နှင့် ဂျုံ ၅၀ ကီလိုဂရမ် အိတ်တစ်အိတ်စီ လက်ခံရရှိကြပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ပြီးခဲ့သော နှစ်လအတွင်း Nimroz ပြည်နယ် နှင့် အိမ်နီးချင်း Herat ပြည်နယ်များရှိ မိသားစု ၁,၈၀၀ နီးပါးကို စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

————————-
400 Afghan families receive China-donated aid in western Nimroz province
Afghan authorities distributed China-donated humanitarian aid to 400 families in the western Nimroz province on Thursday, Mawlawi Sediqullah Nasrtat, the provincial director for refugees and repatriation affairs, said Friday.

“We distributed China-donated humanitarian assistance to 400 poor families here in provincial capital Zaranj city yesterday afternoon and each family received a bag of 50 kg rice and 50 kg wheat,” Nasrat told Xinhua.

China has provided foodstuff to nearly 1,800 families in Nimroz and neighboring Herat provinces over the past two months, officials said.

Xinhua News Agency correspondents reporting from Kabul.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.