Connect with us

Videos

တရုတ်နိုင်ငံ၏ ၂၀၂၂ ခုနှစ် ဒစ်ဂျစ်တယ် စီးပွားရေးပမာဏ ယွမ် ၅၀.၂ ထရီလီယံ အထိ ရှိလာ

ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ)

《တရုတ်နိုင်ငံ၏ ၂၀၂၂ ခုနှစ် ဒစ်ဂျစ်တယ် စီးပွားရေးပမာဏ ယွမ် ၅၀.၂ ထရီလီယံ အထိ ရှိလာ၊ ဒစ်ဂျစ်တယ် နည်းပညာနှင့်လက်တွေ့စီးပွားရေးပေါင်းစည်းမှု ထဲထဲဝင်ဝင် တိုးတက်မှုရှိလာခြင်း》ဟူသော ဆောင်းပါးကို မေ ၂၄ ရက်ထုတ် China Securities Journal တွင် ဖော်ပြခဲ့သည်။အဆိုပါဆောင်းပါးတွင် ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေးပမာဏသည် ယွမ် ၅၀.၂ ထရီလီယံ အထိ ရှိလာခဲ့ရာ ကမ္ဘာ့ဒုတိယနေရာတွင် ရှိသည်ဟု တရုတ်နိုင်ငံ ဆိုက်ဘာအချက်အလက် စီမံခန့်ခွဲရေးရာဌာန(CAC) ၏ မေ ၂၃ ရက် ထုတ်ပြန်ခဲ့သော ဒစ်ဂျစ်တယ်ကဏ္ဍဖြင့် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာ (၂၀၂၂ခုနှစ်)တွင် ဖော်ပြခဲ့ကြောင်း ရေးသားထားသည်။

၂၀၂၃ ခုနှစ် ဒစ်ဂျစ်တယ်ကဏ္ဍဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မျှော်မှန်းကြည့်လျှင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဘက်စုံစွမ်းအား ဖြည့်တင်းပေးပြီး ဒစ်ဂျစ်တယ် စီးပွားရေးကို ပို၍ ကောင်းမွန် အားကောင်းလာစေဖို့ အကောင်အထည်ဖော်ဆောင်ရန် အစီရင်ခံစာတွင် အဆိုပြုခဲ့ကြောင်း သိရသည်။

စက်မှုအင်တာနက်၊ blockchain ၊ ဉာဏ်ရည်တု စသည့် ဒစ်ဂျစ်တယ် လုပ်ငန်းများကို ပျိုးထောင်ပေးပြီး နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဒစ်ဂျစ်တယ်လုပ်ငန်းအုပ်စုကို တည်ဆောက်ရန်လည်း အဆိုပြုခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်းများ၌ ပါဝင်သူများက ဒစ်ဂျစ်တယ်နည်းပညာသည် လက်တွေ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်ကြောင်း၊ အရင်းအနှီးဈေးကွက်က ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍနှင့်ဆက်စပ်သော လုပ်ငန်းများ၏ရင်းနှီးမြှုပ်နှံမှုများတွင် တစ်ဆင့်တိုးမြှင့်လာမည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————–
2022年我国数字经济规模达50.2万亿元 数字技术和实体经济融合深入推进
新华社北京5月24日电 《中国证券报》24日刊发文章《2022年我国数字经济规模达50.2万亿元 数字技术和实体经济融合深入推进》。文章称,国家互联网信息办公室23日发布的《数字中国发展报告(2022年)》显示,2022年我国数字经济规模达50.2万亿元,总量稳居世界第二。展望2023年数字中国发展,《报告》提出,全面赋能经济社会发展,做强做优做大数字经济,培育壮大工业互联网、区块链、人工智能等数字产业,打造具有国际竞争力的数字产业集群。业内人士表示,数字技术在助力实体经济发展等方面发挥了重要作用,预计资本市场会进一步加大对数字经济领域相关企业融资的支持力度。