Connect with us

Videos

ရွှေတိဂုံစေတီတော်သို့ ပထမနှစ်ဝက်အတွင်း လာရောက်သည့် နိုင်ငံခြားသားခရီးသွားဧည့်သည် ၄၀,၀၀၀ နီးပါးရှိ

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်သို့ ၂၀၂၃ ခုနှစ်၊ ပထမ ၆လ အတွင်း လာရောက်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် ၄၀,၀၀၀ နီးပါးရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်၊ လုပ်ငန်းဌာန တာဝန်ခံ ဦးဘိုးသင်းက ဆင်ဟွာသို့ပြောသည်။အဆိုပါကာလအတွင်း နိုင်ငံခြားသားခရီးသွားဧည့်သည် (အမျိုးသား) ၁၈,၈၂၂ ဦး နှင့် နိုင်ငံခြားသားခရီးသွားဧည့်သည် (အမျိုးသမီး) ၁၉,၆၂၃ ဦးအပါအဝင် စုစုပေါင်း နိုင်ငံခြားသားခရီးသွားဧည့်သည် ၃၈,၄၄၅ ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ရွှေတိဂုံစေတီတော် ဖူးမြော်ချိန်ကို တိုးမြှင့်ဖွင့်လှစ်ပြီးတဲ့နောက်မှာ ဘုရားဖူးဧည့်သည်တွေက ပိုများလာပါတယ်။ ပိတ်ရက်တွေမှာဆိုရင် ဘုရားဖူးဧည့်သည် ပိုများပါတယ်။ ပျမ်းမျှအားဖြင့်တော့ တစ်နေ့ကို ဘုရားဖူးဧည့်သည် ၁၅,၀၀၀ လောက်လာရောက်ပြီးတော့ ပိတ်ရက် တနင်္ဂနွေလို နေ့မျိုးမှာတော့ ဘုရာဖူးဧည့်သည် ၄၀,၀၀၀ ကျော်လောက်လာရောက်ပါတယ်” ဟု ဦးဘိုးသင်းက ပြောသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ မှ ဇွန်လ အတွင်း ရွှေတိဂုံစေတီတော်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်စုစုပေါင်း ၆.၄ သန်းကျော် လာရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117