Connect with us

Videos

တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံက လောင်းကစားနှင့်လိမ်လည်သူအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေး အထူးပူးတွဲလှုပ်ရှားမှုစတင်

ရန်ကုန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံက လောင်းကစားနှင့်လိမ်လည်သူအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေး အထူးပူးတွဲလှုပ်ရှားမှုစတင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဩဂုတ် ၁၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့သည် သြဂုတ်လ ၁၅ ရက် မှ ၁၆ ရက် အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ဒေသတွင်းလောင်းကစားနှင့်လိမ်လည်မှုများမှတစ်ဆင့် ပေါ်ထွက်လာသည့် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ထိန်းချုပ်မှု စသည့် ပြစ်မှုကျူးလွန်မှုများအတွက် အထူးပူးပေါင်းတိုက်ဖျက်ရေးလှုပ်ရှားမှုစတင်ခြင်းအခမ်းအနားကိုကျင်းပခဲ့ကြကြောင်း သိရသည်။

တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံဘက်အသီးသီးက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အထူးလှုပ်ရှားမှုအထွေထွေညှိနှိုင်းရေးစင်တာ အတူတကွတည်ဆောက်ထားရှိပြီး လောင်းကစားနှင့် လိမ်လည်မှုများသောင်းကျန်းသည့်ဒေသအတွက် ပူးတွဲလှုပ်ရှားရာနေရာများထားရှိကာ ပိုမိုရင်းနှီးစွာပူးပေါင်းမှု၊ ပိုမိုတက်ကြွစွာတိုက်ဖျက်မှု၊ ပိုမိုကျွမ်းကျင်စွာလှုပ်ရှားမှုတို့ဖြင့် ဒေသတွင်းဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ များစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံဘက်အသီးသီးက ရပ်တန်းကမရပ်သေးသည့် ပြစ်မှုကျူးလွန်သူအုပ်စုများကို လက်တွေ့လှုပ်ရှားမှုဖြင့် ပြင်းပြင်းထန်ထန်သတိပေးသွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပအား တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံရဲတပ်ဖွဲ့၏ စည်းလုံးညီညွတ်စွာပူးပေါင်း၍ လောင်းကစားနှင့်လိမ်လည်မှုကို ပြင်းပြင်းထန်ထန်တိုက်ဖျက်လိုသည့် ပြတ်သားသောဆုံးဖြတ်ချက်ကို ပြသသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.