Connect with us

Videos

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သောသတင်းအရ သိရသည်။ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းဆတ်သွား ကားလမ်း၊ နားကော် (၃) ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မူးယစ်ဆေးဝါးများ သယ်ဆောင်မည့်သတင်းအရ စောင့်ဆိုင်းနေစဉ် ဇန်နဝါရီလ ၂၂ ရက် နေ့လယ် ၁၂ နာရီတွင် TOYOTA HILUX REVO မော်တော်ယာဉ်ရောက်ရှိလာသဖြင့် ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်တွင် ဘိန်းဖြူဘလောက်တုံး ၅၀၀၊ အလေးချိန် ၁၇၅ ကီလိုဂရမ်၊ အိုက်စ် ၁၅၀၂ ကီလိုဂရမ်၊ ကက်တမင်း ၅၅ ကီလိုဂရမ်နှင့် M -16 သေနတ် တစ်လက်နှင့် M-22 သေနတ်အပြင် ကျည်တောင့်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်ယင်း မူးယစ်ဆေးဝါးများသယ်ဆောင်သူတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117