Connect with us

Europe

ဩစတြေးလျတွင် ကလေးများဆော့ကစားရာလေမှုတ်ရဲတိုက်အိမ် လေတိုက်လွှင့်စင်မှုကြောင့် အနည်းဆုံး ကလေးငယ် ၅ ဦး အမြင့်မှပြုတ်ကျ သေဆုံး

ကလေးများဆော့ကစားရာ လေမှုတ်ရဲတိုက်အိမ် တစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ တက်စ‌မေးနီးယားပြည်နယ်ရှိ မူလတန်းကျောင်းတစ်ခုတွင် ဒီဇင်ဘာ ၁၆ ရက်က စာသင်ကာလပြီးဆုံးသည့်ပျော်ရွှင်ပွဲအခမ်းအနားတစ်ခုပြုလုပ်ချိန် လေထိုးရဲတိုက်အိမ်တစ်ခု လေပြင်းတိုက်ခတ်ကာ လွှင့်စင်မှုကြောင့် ကျောင်းသူ၊ ကျောင်းသားအချို့အမြင့်မှပြုတ်ကျပြီး အနည်းဆုံး ၅ ဦးသေဆုံးကာ ဒဏ်ရာသူများ ရှိခဲ့ကြောင်း ယင်းပြည်နယ် ရဲတပ်ဖွဲ့က အချင်းဖြစ်ပွားသည့်နေ့တွင် ပြောကြားခဲ့သည်။

အချင်းဖြစ်ရပ်သည် တက်စမေးနီးယားပြည်နယ် မြောက်ပိုင်းရှိ Hillcrest မူလတန်းကျောင်းတွင် စာသင်ကာလပြီးဆုံးသည့် ပျော်ပွဲရွှင်ပွဲကျင်းပနေချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တက်စမေးနီးယားပြည်နယ်ရဲတပ်ဖွဲ၏ သတင်းများအရ လေပြင်းတိုက်ခတ်မှုကြောင့် အခမ်းအနားတွင် ထားရှိသည့် ကလေးများဆော့ကစားရာ လေထိုးရဲတိုက်အိမ်နှင့် ပူဖောင်းကြီးများ လွင့်ပျံထွက်သွားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှာ အမြင့် ၁၀ မီတာခန့်မှ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။ ကူညီကယ်ဆယ်ရေးသမားများ ထိုနေရာသို့ ချက်ချင်း အလျင်အမြန်သွားရောက်ခဲ့သော်လည်း ဆဋ္ဌမတန်းအရွယ် ကျောင်းသား၊ ကျောင်းသူ ၄ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ၎င်းတို့အနက် ၁ ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။

တက်စမေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Peter Gutwein က ဤဖြစ်ရပ်သည် ဝမ်းနည်းကြေကွဲဖွယ်ကောင်းကြောင်း ပြောဆိုခဲ့သည်။ အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
(社会)澳大利亚充气城堡被刮飞致至少5名儿童死亡
2021-12-16 18:24:22
新华社悉尼12月16日电(记者郝亚琳)澳大利亚塔斯马尼亚州警方16日说,该州一所小学当天举行学期结束庆祝活动时,活动用充气城堡被狂风刮飞,一些学生被充气城堡带到空中后坠落,至少5名学生因此死亡,多人受伤。
事故发生在塔斯马尼亚州北部的希尔克雷斯特小学,当时这所小学正在举行庆祝学期结束游乐活动。据塔斯马尼亚州警方消息,一阵狂风将活动中的一座充气城堡和几个大号充气球刮飞,导致一些学生从约10米高的空中坠落。救援人员迅速赶到现场救援,但不幸的是,有4名六年级学生当场死亡。5名重伤学生送医治疗,其中一人在医院死亡。
塔斯马尼亚州州长彼德•古德魏因表示,这一事故令人心碎。相关调查正在进行中。(完)