Connect with us

China

ကန်းစုပြည်နယ် သွန်းဟွမ်မြို့- ပိုးလမ်းမ ရှေးဟောင်းမြို့တော်၏ သမိုင်းရှည်ကြာလှသည့် ယဉ်ကျေးမှုအငွေ့အသက်များ

သွန်းဟွမ်မြို့ သန်ဟယ် ရှုခင်းသာနေရာကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ကျိုး၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ကန္တာရ လေပြေသည် ဆန်းဝေးဆန်း၏ မျက်နှာပြင်ကို ဝေ့ဝဲတိုက်ခတ်သွားသောအခါ ကုလားအုပ် ဆည်းလည်းသံလေးများက သဲသောင်ခုံများကြားတွင် ပျံ့လွင့်လို့နေပေသည်။ ကန္တာရအိုအေစစ်၊ ပိုးလမ်းမ အချက်အချာနေရာတွင်တည်ရှိသော နှစ်တစ်ထောင်ကျော် ပိုးလမ်းမက ပုလဲရတနာဖြစ်သည့် ကန်းစုပြည်နယ် သွန်းဟွမ်မြို့မှာ နံနက်အရုဏ်အလင်းနှင့်အတူ နိုးထလာသည်။ သမိုင်းတွင် လူသားမျိုးနွယ်ယဉ်ကျေးမှု စုစည်းဖလှယ်ပေါင်းစပ်ခဲ့သော သွန်းဟွမ်မြို့သည် နှစ်တစ်ထောင်ကျော် ယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းဆက်ခံခဲ့သလို ပိုးလမ်းမ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တွင် အဆက်မပြတ် ရှင်သန်လှုပ်ရှားမှုစွမ်းအားများ ဆောင်ကြဉ်းပေးခဲ့ရာ ယဉ်ကျေးမှုအမွေအနှစ် ဆက်ခံခြင်းနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ရေး၏ စံနမူနာဖြစ်လာခဲ့သည်။

မကြာသေးမီနှစ်များတွင် သွန်းဟွမ်မြို့သည် အရေးပါသော သမိုင်းယဉ်ကျေးမှု အနှစ်သာရများကို စဉ်ဆက်မပြတ် ဖော်ထုတ်ခဲ့ပေသည်။ နိုင်ငံတကာ ယဉ်ကျေးမှု ခရီးသွားနာမည်ကျော်မြို့အဖြစ် တည်ဆောက်ခြင်းကို ဦးတည်ချက်ထားကာ မော့ကောင်းကျောက်လိုဏ်ဂူ၊ ယွိမိန်ဂိတ်၊ ရွမ်ချွမ်ကျိ အမွေအနှစ်စသည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တို့၏ ထိန်းသိမ်းမှုအင်အားကို စဉ်ဆက်မပြတ် အားဖြည့်ခဲ့သလို မင်ရှားသဲတောင်နှင့်လခြမ်းရေကန်၊ ရာဒန်၊ ယန်ကွမ်းဂိတ်စသည့် ရှုခင်းသာနေရာများကို စမတ်ခရီးသွား ကိုယ်တိုင်ခံစားမှုအဖြစ် မြှင့်တင်ကာ ပိုးလမ်းမ (သွန်းဟွမ်) နိုင်ငံတကာ ယဉ်ကျေးမှု ပြပွဲစသည့် ပလက်ဖောင်းများမှတစ်ဆင့် ပြည်ပနှင့် သွန်းဟွမ် ယဉ်ကျေးမှု ဖလှယ်ရန် အဆက်မပြတ်တွန်းအားပေးလျက်ရှိသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သွန်းဟွမ်ယဉ်ကျေးမှု ဉာဏပိုင်ဆိုင်မှု (Intellectual Property) ဖော်ဆောင်ကာ မြို့တော်၏ သမိုင်းဝင်အမွေအနှစ်နှင့် ယဉ်ကျေးမှုကို ပျိုးထောင်ပြီး ယဉ်ကျေးမှုခရီးသွား နက်ရှိုင်းစွာ ပေါင်းစည်းရေး ဆောင်းပါးကို ကောင်းမွန်စွာ ရေးသားခဲ့ပေသည်။

လူသားတို့၏ သွန်းဟွမ်မှာ နှလုံးသားကို ဆွဲဆောင်နိုင်သော နေရာဖြစ်သည်။ နှစ်ပေါင်းတစ်ထောင်ကျော် နံရံဆေးရေးပန်းချီများမှ ဒစ်ဂျစ်တယ်နည်းပညာအထိ၊ ကန္တာရအိုအေစစ်မှ ယဉ်ကျေးမှု ဉာဏပိုင်ဆိုင်မှုအထိ၊ သွန်းဟွမ်သည် ယဉ်ကျေးမှုအသွင်ပေါင်းစုံ ကူးလူးဖလှယ်ပေါင်းစည်းစေသည့် ထူးခြားသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပြီး တစ်မူထူးခြားသော ဆွဲဆောင်မှုဖြင့် ခေတ်သစ် ပိုးလမ်းမ ဒဏ္ဍာရီကို ဖော်ကျူးရေသားကာ ယဉ်ကျေးမှု အင်အားကြီးနိုင်ငံနှင့် တရုတ်လူမျိုး ခေတ်မီယဉ်ကျေးမှုတည်ဆောက်ရေးကို ပံ့ပိုးအားဖြည့်သွားမည် ဖြစ်သည်။ (Xinhua)

သွန်းဟွမ်မြို့ အထင်ကရနေရာဖြစ်သော တရုတ်ဗျပ်စောင်းနောက်ပြန်တီးနေသူရုပ်တုကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော့ကောင်းကျောက်လိုဏ်ဂူဧရိယာကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………
(Chinese Version)
甘肃敦煌:丝路古城文韵长
兰州,2025年2月18日
当大漠的风掠过三危山的轮廓,驼铃的余音在沙丘间流转,身居沙漠绿洲、地处丝路咽喉的甘肃省敦煌市——这座被时光打磨了千年的丝路明珠便在晨光中苏醒。历史上曾是人类文明汇流融合之所的敦煌在传承千年文脉,记录丝路发展的过程中不断焕发勃勃生机,正成为文化传承与创新发展的典范。
近年来,敦煌市不断挖掘厚重历史文化内涵,以建设国际文化旅游名城为目标,持续加大对莫高窟、玉门关、悬泉置遗址等世界文化遗产的保护力度,在鸣沙山月牙泉、雅丹、阳关等景区升级智慧旅游体验,通过丝绸之路(敦煌)国际文化博览会等平台不断推动敦煌文化对外交流,在全球范围内打造敦煌文化IP,厚植城市历史底蕴和文化品位,做好文旅深度融合文章。
人类敦煌,心向往之。从千年壁画到数字科技,从沙漠绿洲到文化IP,敦煌将进一步发挥多元文化交流荟萃的特点,以独特的魅力书写新时代的丝路传奇,助力文化强国和中华民族现代文明建设。
图说1:这是2023年6月14日拍摄的敦煌党河风情线(无人机照片)。新华社发(张晓亮摄)
图说2:这是2025年2月12日拍摄的敦煌城市地标——反弹琵琶雕塑。新华社发(张晓亮摄)
图说3:这是2023年4月25日拍摄的莫高窟窟区(无人机照片)。新华社记者 陈斌 摄