Connect with us

မြန်မာ-ENG

စစ်အာဏာသိမ်းမှုကြောင့် ဘာကီနာဖာဆိုနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ယာယီထုတ်ပယ်လိုက်ကြောင်း အာဖရိကသမဂ္ဂ(AU) ကြေညာ

အက်ဒစ်အဘာဘာ ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

စစ်တပ်အာဏာသိမ်းမှုကြောင့် ဘာကီနာဖာဆိုနိုင်ငံကို ၎င်း၏ အဖွဲ့ဝင်အဖြစ်မှ ယာယီထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အာဖရိကသမဂ္ဂ(AU)က ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထိရောက်စွာပြန်လည်ကျင့်သုံးမှုပြုလုပ်သည့်အချိန်ထိ အာဖရိကအနောက်ဘက်ပိုင်းဒေသရှိ ဘာကီနာဖာဆိုနိုင်ငံကို အာဖရိကသမဂ္ဂ(AU)လှုပ်ရှားမှုများ အားလုံးတွင် ပါဝင်ခွင့်မပြုဘဲ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကောင်စီ (PSC)၏ တွစ်တာလူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

ပြီးခဲ့သောရက်သတ္တပတ်တွင် အာဖရိကသမဂ္ဂကော်မရှင် ဥက္ကဌ Moussa Faki Mahamat က ဘာကီနာဖာဆိုနိုင်ငံ၌ စစ်တပ်အာဏာသိမ်းမှုကို ပြင်းထန်စွာရှုတ်ချမှုပြုလုပ်ခဲ့သည်။

“ အမျိုးသားစစ်တပ်နဲ့ နိုင်ငံရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုင်းပြည်ရဲ့ ပြည်တွင်းပြည်ပရန်ကို ကာကွယ်ပေးရမယ်ဆိုတဲ့ သူတို့ရဲ့သက်ဆိုင်ရာလုပ်ငန်းတာဝန်တွေကို တင်းကြပ်စွာ လိုက်နာဆောင်ရွက်ကြဖို့ သူ(Mahamat) က တိုက်တွန်း တောင်းဆိုခဲ့ပါတယ် ” ဟု ဥက္ကဌ ကဆိုသည်။

ပုန်ကန်သူ ဘာကီနာဖာဆို စစ်သားများက ဇန်နဝါရီလတွင် ဘာကီနာဖာဆိုနိုင်ငံ၌ စစ်အာဏာသိမ်းမှုပြုလုပ်ခဲ့ပြီး နိုင်ငံ၏ သမ္မတ Roch Marc Christian Kabore ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိုသို့ ဘာကီနာဖာဆိုသမ္မတအား ဖမ်းဆီးမှုပြုလုပ်ရာတွင် နိုင်ငံ၏မြို့တော် နှင့် အခြားသော မြို့ကြီးများရှိ စစ်တန်းလျားအချို့၌ သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)

———————————————–
(English Version)
African Union (AU) announces suspended the membership of Burkina Faso over military coup

ADDIS ABABA, Feb. 1 (Xinhua) — The African Union (AU) on Monday announced that it has suspended the membership of Burkina Faso over a military coup.
The AU Peace and Security Council (PSC) said on twitter it has suspended the west African country from all AU activities until the effective restoration of constitutional order.
Last week, the Chairperson of the AU Commission, Moussa Faki Mahamat condemned the coup in Burkina Faso.
“He (Mahamat) calls on the national army and the country’s security forces to strictly adhere to their republican vocation, namely the defense of the country’s internal and external security,” the chairperson said.
Mutinous Burkina Faso soldiers in January staged a coup in Burkina Faso and reportedly detained the country’s president Roch Marc Christian Kabore.
The reported detention of the Burkina Faso president was preceded by reports of gunfire in some army barracks in the west African country’s capital Ouagadougou and other cities.

Photo – Burkina Faso’s President Roch Marc Christian Kabore (on the screens) addresses the general debate of the 76th session of the United Nations General Assembly at the UN headquarters in New York, Sept. 23, 2021. (Xinhua/Wang Ying)