Connect with us

Videos

G20 က အာဖရိကသမဂ္ဂ (AU) အား တရားဝင် အဖွဲ့ဝင် အဖြစ် ဖိတ်ခေါ်

နယူးဒေလီ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အာဖရိကသမဂ္ဂ (AU) ကို G20 တရားဝင် အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ရန် G20 အဖွဲ့ဝင်နိုင်ငံများက စက်တင်ဘာ ၉ ရက်တွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် သဘောတူညီမှုရရှိခဲ့သည်။တရုတ်နိုင်ငံသည် G20 အဖွဲ့တွင် အာဖရိကသမဂ္ဂ (AU) ပါဝင်နိုင်ရန် ပထမဆုံး အတိအလင်း ထောက်ခံခဲ့သည့် နိုင်ငံဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် အာဖရိကသမဂ္ဂ (AU) ၏ ပို၍ကြီးမားသော အခန်းကဏ္ဍ၌ ပါဝင်မှုကိုလည်း ထောက်ခံခဲ့သည်။

G20 အဖွဲ့ကို ၁၉၉၉ ခုနှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး တရုတ်၊ အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ တူရကီ၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ စသည့် နိုင်ငံနှင့်အဖွဲ့အစည်း ၂၀ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ (Xinhua)
…………………………..
二十国集团邀请非盟成为正式成员
新华社新德里9月9日电(记者冯启迪 吴夏)二十国集团成员在9日举行的峰会上达成一致,邀请非洲联盟(非盟)成为正式成员。
中国是第一个明确表态支持非盟加入二十国集团的国家,并支持非盟在全球治理中发挥更大的作用。
二十国集团于1999年成立,由中国、阿根廷、澳大利亚、巴西、加拿大、法国、德国、印度、印度尼西亚、意大利、日本、韩国、墨西哥、俄罗斯、沙特阿拉伯、南非、土耳其、英国、美国以及欧盟等20方组成。