Connect with us

မြန်မာ-ENG

အာဖဂန် လုံခြုံရေးတပ်ဖွဲ့က အိုင်အက်စ်မိတ်ဖက်စစ်သွေးကြွ ၁၁ ဦး ဖမ်းဆီးရမိ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအား အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် အစွန်းရောက် အိုင်အက်စ် (IS) အုပ်စုနှင့်မိတ်ဖက်ဖွဲ့ထားသော စစ်သွေးကြွ ၁၁ ဦး ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Qari Sayed Khosti က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

အထူးတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၄ ရက်တွင် Bagh-e-Daud နယ်မြေနှင့် အနီးဝန်းကျင်ရှိ အိုင်အက်စ် လှုပ်ရှားသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူအဆိုအရ သိရသည်။

အသေးစိတ်အချက်အလက်များကိုမူ ၎င်းတာဝန်ရှိသူက ပြောကြားခဲ့ခြင်းမရှိပေ။

အိုင်အက်စ်လှုပ်ရှားမှုများ ဖမ်းဆီးခံရခြင်းသည် ကဘူးလ်မြို့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အောက်တိုဘာ ၃ ရက်က ကဘူးလ်မြို့ရှိ ဗလီတစ်ခု၌ ပြုလုပ်သည့် အောက်မေ့ဖွယ်အခမ်းအနားကျင်းပခြင်းအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော ဗုံးဖောက်ကွဲမှုတွင် လူ ၈ ဦးသေဆုံးပြီး အခြား၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Afghan security forces capture 11 IS-affiliated militants
2021-10-05 15:33:24
KABUL, Oct. 5 (Xinhua) — Security forces located and captured 11 militants affiliated with the hardliner Islamic State (IS) group in Afghanistan’s capital Kabul, spokesman for the Interior Ministry Qari Sayed Khosti said Tuesday.
Personnel of special forces, according to the official, captured IS operatives from Bagh-e-Daud area and its vicinity on Monday.
The official did not provide more details.
The arrest of the alleged IS operatives is taking place in the wake of a bomb blast in Kabul.
A bomb blast, which targeted a memorial service inside a mosque in Kabul on Sunday reportedly claimed eight lives and injured 20 others. Enditem
Photo taken on Oct. 3, 2021 shows the site of a blast in Kabul, capital of Afghanistan. (Photo by Saifurahman Safi/Xinhua)