Connect with us

မြန်မာ-ENG

အဆင့်မြှင့်တင်ထားသော တရုတ်-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် အသက်ဝင်လာ

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့ ဆိပ်ကမ်းများမြင်ကွင်းကို မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့ကြား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) အဆင့်မြှင့်တင်ရေး လုပ်ထုံးလုပ်နည်းသည် ဧပြီလ ၈ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်ထားကြောင်း တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နှစ်နိုင်ငံတို့သည် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး မြှင့်တင်ရန် စည်းမျည်းစည်းကမ်းများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသလို ကုန်စည်များ၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် စျေးကွက်များ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လုပ်ထုံးလုပ်နည်းအရ သိရသည်။

ကုန်စည်ကူးသန်းရောင်းဝယ်မှုအရ တရုတ်နိုင်ငံသည် နယူးဇီလန်နိုင်ငံမှ တင်သွင်းသော သစ်သားဖိုက်ဘာဘုတ်၊ လက်သုတ်ပုဝါနှင့် စာရေးစက္ကူ စသဖြင့် သစ်နှင့် စက္ကူ အမျိုးအစား ၁၂ မျိုးအား ၁၀ နှစ်အတွင်း စည်းကြပ်ခွန်များဖြည်းဖြည်းချင်း လျှော့ချပေးသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်မှုအတွက်မူ နယူးဇီလန်နိုင်ငံက ဥပဒေရေးရာဝန်ဆောင်မှုများ၊ အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးခြင်း အပါအဝင် နယ်ပယ်များ၌ ၎င်းတို့၏စျေးကွက်ကို ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်မည်ဖြစ်သလို တရုတ်နိုင်ငံကလည်း လေကြောင်း၊ ဆောက်လုပ်ရေး၊ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေး အပါအဝင် နယ်ပယ်များတွင် တံခါးဖွင့်ဝါဒ နက်နက်ရှိုင်းရှိုင်းကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံသည် တရုတ်ရင်းနှီးမြှုပ်နှံသူများအား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ သတ်မှတ်အဆင့်ကို လျှော့ချသွားမည်ဖြစ်ပြီး ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက် (CPTPP) အဖွဲ့ဝင်နိုင်ငံများအတိုင်း တူညီသောသုံးသပ်ချက်ကျင့်သုံးမှု ရရှိစေရန် ခွင့်ပြုသွားမည်ဖြစ်သည်။

ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေးအတွက် နှစ်နိုင်ငံတို့သည် နည်းပညာဆိုင်ရာ အတားအဆီးများနှင့် ဆက်စပ်သော စည်းမျဉ်းများ၊ အကောက်ခွန်ရှင်းလင်းရေး လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းများကို ပိုမိုကောင်းမွန်အောင် အတူတကွဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို E-commerce ၊ ပြိုင်ဆိုင်မှုမူဝါဒ၊ အစိုးရဆိုင်ရာ ဝယ်ယူမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ကုန်သွယ်မှု စသည့်နယ်ပယ်များတွင်လည်း အားကောင်းစေမည်ဖြစ်သည်။

တရုတ်-နယူးဇီလန် FTA နှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အခြေခံ၍ နှစ်နိုင်ငံ ကုန်သွယ်မှု ဆက်ဆံရေး၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်လျက်ရှိကြောင်း ဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ လုပ်ထုံးလုပ်နည်းသည် နှစ်နိုင်ငံကြား နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းမှုရှိစေရန်၊ အဆင့်မြင့် တံခါးဖွင့်ဝါဒ အမြတ်ဝေစုကို ထုတ်ပြန်ပေးနိုင်ရန်၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖြေလျှော့မှုနှင့် အဆင်ပြေချောမွေ့မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးကို စဉ်ဆက်မပြတ် တိုးပွားမှုရှိစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ် ဧပြီလတွင် နယူးဇီလန်နိုင်ငံနှင့် FTA လက်မှတ်ရေးထိုးခဲ့ပြီး ထိုနှစ် အောက်တိုဘာလတွင်ပင် ပါဝင်လာခဲ့သည်။ နှစ်နိုင်ငံတို့သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အဆင့်မြှင့်တင်ရေး အတွက် သုံးနှစ်ကြာ ညှိနှိုင်းဆွေးနွေးမှုများကိုအဆုံးသတ်ခဲ့ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် လုပ်ထုံးလုပ်နည်းကို လက်မှတ်ရေးထိုးခဲ့ကြသည်။

နှစ်နိုင်ငံ FTA အသက်ဝင်လာချိန်မှစ၍ နှစ်နိုင်ငံ ကုန်သွယ်မှုသည် အလျင်အမြန် တိုးတက်လာခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၄.၇၂ ဘီလီယံအထိ စံချိန်တင်မြင့်မားခဲ့ပြီး ယမန်နှစ်ကထက် ၃၆.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ကုန်သွယ်မှုပမာဏသည် FTA အား ပထမအကြိမ် လက်မှတ်ရေးထိုးခဲ့သည့် ၂၀၀၈ ခုနှစ်ကထက် ၅.၆ ဆခန့် ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………………
(English Version)
Upgraded China-New Zealand FTA comes into effect

Source: Xinhua

Editor: huaxia

2022-04-08 15:32:31
BEIJING, April 8 (Xinhua) — A protocol on upgrading the free trade agreement (FTA) between China and New Zealand took effect Thursday, aiming at further facilitating bilateral trade and investment, said China’s Ministry of Commerce.

The two sides will further open the markets for goods, services and investment while optimizing rules to promote trade facilitation, according to the protocol.

In terms of trade in goods, China pledges to gradually eliminate tariffs within 10 years on 12 categories of wood and paper products imported from New Zealand, such as wood fiberboard, napkins and writing paper.

As for trade in services, China will deepen opening-up in fields including aviation, construction, sea transport and finance, while New Zealand will open its market wider in areas including legal services, engineering and management consulting.

New Zealand will lower its threshold for reviewing Chinese investors, allowing them to receive the same review treatment as members of the Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP).

To enhance trade facilitation, the two sides will work together to optimize rules of origin, customs-clearance procedures and regulations related to technical barriers.

Bilateral cooperation will also be strengthened in the fields of e-commerce, competition policy, government procurement, the environment and trade, according to the protocol.

It has improved the quality and efficiency of bilateral trade relations on the basis of the China-New Zealand FTA and the Regional Comprehensive Economic Partnership, said the ministry.

The protocol will help deepen pragmatic cooperation in various fields between the two sides, release the dividends of high-level opening-up, promote bilateral trade and investment liberalization and facilitation, and constantly enrich the comprehensive strategic partnership between the two countries.

China signed an FTA with New Zealand in April 2008, which came into force in October the same year. The two sides announced the conclusion of their three-year negotiations on the upgrade in November 2019 and signed a protocol in January 2021.

Since the bilateral FTA came into force, trade between the two sides has registered rapid growth.

In 2021, bilateral trade hit a record high of 24.72 billion U.S. dollars, surging 36.4 percent year on year. The trade volume was about 5.6 times as much as that in 2008 when the FTA was first signed. ■
Photo : Photo taken on March 23, 2022 shows a view of the ports of Auckland, New Zealand. (Photo by Zhang You/Xinhua)