Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ၂၀၂၆ ခုနှစ် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဟု ရှီပြော

ပီရူးနိုင်ငံ လီမာမြို့ရှိ လီမာ ကွန်ဗင်းရှင်းစင်တာ၌ "ခေတ်ကာလနှင့်လျော်ညီစွာ တာဝန်ယူမှုရှိခြင်းနှင့် အာရှ-ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအား အတူတကွမြှင့်တင်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အရေးကြီးမိန့်ခွန်း ပြောကြားနေပုံကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း ပီရူးနိုင်ငံ လီမာမြို့တွင် ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ APEC အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ စဉ်ဆက်မပြတ်ဖြစ်သော၊ အားလုံးပါဝင်မှုရှိသော တိုးတက်မှု အပါအဝင် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများအား အလေးထား ကိုင်တွယ်ဆောင်ရွက်ရန် ပီရူးနိုင်ငံ မြို့တော် လီမာတွင် ကျင်းပသည့် ၃၁ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေး၌ စုစည်းတွေ့ဆုံကာ အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/YSV
……………………………………

(English Version)
Xi says China to host APEC Economic Leaders’ Meeting in 2026
China will host the APEC Economic Leaders’ Meeting in 2026, visiting Chinese President Xi Jinping said on Saturday. The announcement was made during the 31st APEC Economic Leaders’ Meeting, held in Peru’s capital Lima, where leaders from the APEC economies convened to address pressing global challenges, including trade, sustainability, and inclusive growth. xhtxs.cn/YSV

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.