Connect with us

China

အိုလံပစ်အားကစားပွဲ တရုတ်နိုင်ငံ ကိုယ်စားပြုအဖွဲ့ ပဲရစ်မြို့သို့ ရောက်ရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၃ ရက်က ပြုလုပ်သော ပဲရစ် အိုလံပစ်အားကစားပွဲအတွက် တရုတ်နိုင်ငံကိုယ်စားပြုအဖွဲ့ ကြေညာခြင်းအခမ်းအနားမြင်ကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
ပဲရစ်အိုလံပစ်အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တရုတ်နိုင်ငံ ကိုယ်စားပြုအဖွဲ့သည် ပြင်သစ်နိုင်ငံ မြို့တော်သို့ ဇူလိုင် ၂၂ ရက် ညနေပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ အထွေထွေအားကစားဦးစီးဌာန ညွှန်ကြားရေးမှူး ကောင်းကျစ်သန်း ဦးဆောင်သော တရုတ် အိုလံပစ်ကော်မတီအဖွဲ့ တာဝန်ရှိသူများသည် ပဲရစ်မြို့ရှိ Charles de Gaulle လေဆိပ်သို့ ရောက်ရှိလာခဲ့ကြသည်။
တရုတ်နိုင်ငံသည် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁၁ ရက်အထိ ကျင်းပမည့် အိုလံပစ်အားကစားပွဲတွင် အားကစားနည်း အမျိုးအစား ၃၀ ကို ပြိုင်ပွဲ ၂၃၆ ဖြင့် အားကစားသမား ၄၀၅ ဦးက ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
စားပွဲတင်တင်းနစ်၊ ကြက်‌တောင်၊ ရေကူးနှင့် အမျိုးသမီး ဘော်လီဘော စသည့်ပြိုင်ပွဲများ၌ ဝင်‌ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကမူ ပဲရစ်မြို့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ကောင်းက ပြောသည်။ (Xinhua)
……………………………………..
(English Version)
China’s Olympic delegation arrives in Paris
PARIS, July 22 (Xinhua) — China’s delegation for the Paris Olympic Games arrived in the French capital on Monday evening.
Headed by Gao Zhidan, director of China’s General Administration of Sport, a team of Chinese Olympic Committee officials landed at Paris’s Charles de Gaulle Airport.
China will be represented by 405 athletes in 236 events across 30 sports at the July 26-August 11 Olympics.
Athletes in table tennis, badminton, swimming and women’s volleyball have already arrived in Paris, according to Gao.
Photo: This photo taken on July 13, 2024 shows a general view at the inaugural meeting of the Chinese delegation for Paris 2024 Olympic Games in Beijing, capital of China. (Xinhua)