Connect with us

Europe

ဆင်ဟွာဥက္ကဋ္ဌနှင့် TASS အကြီးအကဲတွေ့ဆုံ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာနှင့် TASS ညွှန်ကြားရေးမှူးချုပ် Andrey Kondrashov တို့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာနှင့် TASS ညွှန်ကြားရေးမှူးချုပ် Andrey Kondrashov တို့သည် စက်တင်ဘာ ၁၅ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
TASS တည်ထောင်ခြင်း နှစ် ၁၂၀ပြည့်မြောက်ခြင်းနှင့် BRICS မီဒီယာထိပ်သီးအစည်းအဝေးကို အောင်မြင်စွာကျင်းပခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖုက ပြောကြားခဲ့သည်။ ဆင်ဟွာနှင့် TASS ကြား ပူးပေါင်းဆောင်ရွက်မှု၏ ကျယ်ပြန့်သော အလားအလာကို ဖုက မှတ်ချက်ပြုခဲ့သလို သတင်းများ၊ ခရီးစဉ်များနှင့် နည်းပညာများ ကူးလူးဆက်ဆံခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်မည်ဟု မျှော်လင့်ကြောင်း ဖုက ပြောခဲ့သည်။
ထို့ပြင် ဆင်ဟွာအနေဖြင့် ကမ္ဘာ့မီဒီယာအခင်းအကျင်းတွင် ကောင်းမွန်သောအားအင်များဖြင့် အသံပိုမိုထွက်ပေါ်လာနိုင်ရေးအတွက် အတူတကွဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဖုက ဆိုသည်။
TASS ညွှန်ကြားရေးမှူးချုပ် Andrey Kondrashov က TASS အနေဖြင့် BRICS မီဒီယာထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပနိုင်ရန် ဆင်ဟွာက အခိုင်အမာထောက်ခံပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ အေဂျင်စီနှစ်ခုကြား အနီးကပ်ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းရန်နှင့် ပိုမိုကောင်းမွန်သော ရလဒ်များဖြစ်ထွန်းလာရေးအတွက် ပူးပေါင်းဆောင်ရွက်မှုယန္တရားများကို တိုးချဲ့ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ဖုသည် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ကျင်းပသော TASS ၏ နှစ်ပေါင်း ၁၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Xinhua president meets TASS chief
MOSCOW, Sept. 15 (Xinhua) — President of Xinhua News Agency Fu Hua met with TASS Director General Andrey Kondrashov here on Sunday.
Fu congratulated TASS on its 120th founding anniversary and its successful hosting of the BRICS Media Summit. He noted the broad potential for cooperation between Xinhua and TASS and said he hoped both sides would expand their collaboration in the exchange of news, visits and technology.
Xinhua is ready to work together with TASS to promote more voices with positive energy in the global media landscape, Fu said.
Kondrashov thanked Xinhua for its strong support to TASS in hosting the BRICS Media Summit. He noted the longstanding friendly ties between TASS and Xinhua and expressed willingness to maintain close contact between the two agencies and expand their cooperation mechanisms to achieve greater results.
On Saturday evening, Fu attended TASS’s 120th-anniversary celebration at the agency’s invitation.
Photo: President of Xinhua News Agency Fu Hua meets with TASS Director General Andrey Kondrashov in Moscow, Russia, Sept. 15, 2024. (Xinhua/Bai Xueqi)