Connect with us

Africa & Middle East

အစ္စရေးစစ်တပ် အကြီးအကဲသစ် စတင်တာဝန်ယူ၊ ရန်သူများကို ပြင်းပြင်းထန်ထန် ချေမှုန်းမည်ဟု ကတိပြု

အစ္စရေးနိုင်ငံ ရာမော့ ဟာရှာဗင်အရပ်ရှိ နေအိမ်မှ ထွက်လာသော အစ္စရေး စစ်တပ်အကြီးအကဲသစ် အိုင်ယာ ဇာမီယာ (ဝဲ) အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Gideon Markowicz/JINI via Xinhua)

ဂျေရုဆလမ်၊ မတ် ၆ ရက် (ဆင်ဟွာ)
အစ္စရေး ကာကွယ်ရေးတပ် (IDF) ၏ ၂၄ ဦးမြောက် အကြီးအကဲအဖြစ် အိုင်ယာ ဇာမီယာက မတ် ၅ ရက်၌ စတင်တာဝန်ယူခဲ့ပြီး အစ္စရေး၏ စစ်မျက်နှာအသီးသီးတွင် ဖွင့်ထားသော စစ်ပွဲကို ဆက်လက်ဆင်နွှဲမည်ဖြစ်ကာ ရန်သူများကို ပြင်းပြင်းထန်ထန် ချေမှုန်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
အစ္စရေးအစိုးရက အသက် ၅၉ နှစ်အရွယ် ဇာမီယာအား စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်မှုကို ဖေဖော်ဝါရီ ၁၆ ရက်၌ အတည်ပြုခဲ့ပြီးနောက် တဲလ်အဗစ်မြို့ရှိ ကီရာယာ စစ်အခြေစိုက်စခန်း၌ ပြုလုပ်သည့် ကွပ်ကဲမှုတာဝန် လွှဲပြောင်းခြင်း အခမ်းအနားတွင် ၎င်းက ရာထူးတာဝန်သစ်ကို စတင်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်၌ ဟားမက်စ်အဖွဲ့ ဦးဆောင်သော တိုက်ခိုက်မှုအတွင်း အစ္စရေးပြည်သူများအား အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟု ဝန်ခံကာ ဇန်နဝါရီလအတွင်း ရာထူးမှနုတ်ထွက်သွားသည့် ဟာဇီ ဟာလီဗီ၏နေရာကို ၎င်းက ဆက်ခံခဲ့ခြင်းဖြစ်သည်။
ဇာမီယာမှာ ၁၉၈၅ ခုနှစ်တွင် စစ်တပ်ထဲသို့ စတင်ဝင်ရောက်ခဲ့ကာ တစ်နှစ်အကြာတွင် တင့်ကားကွပ်ကဲသူ ဖြစ်လာခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်းတစ်ဦးလည်းဖြစ်သည်။ ထို့နောက် ၎င်းအနေဖြင့် တောင်ပိုင်းစစ်ဒေသကြီး ကွပ်ကဲရေးမှူးအဖြစ်လည်းကောင်း၊ ဒုတိယ စစ်ဦးစီးချုပ် အဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1FQ

ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးတပ်ဖွဲ့ဝင်များအား အစ္စရေးနိုင်ငံ တောင်ပိုင်းမှ ၂၀၂၄ ခုနှစ် ဇူလိုင် ၂ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

……………………………………………………………..
(English Version)
Israel’s new military chief takes office, vows to strike enemies with “tremendous force”
JERUSALEM, March 5 (Xinhua) — Eyal Zamir took over on Wednesday as the 24th chief of the Israel Defense Forces (IDF), warning that Israel’s multi-front conflict would be ongoing and vowing to strike its enemies with “tremendous force.”
Zamir, 59, assumed his new role during a change-of-command ceremony at the Kirya military base in Tel Aviv following government approval of his appointment on Feb. 16.
He succeeded Herzi Halevi, who resigned in January after admitting his failure to defend Israelis during the Hamas-led attack on Oct. 7, 2023.
Zamir, a former director general of the Defense Ministry, joined the military in 1985 and became a tank commander the following year. He later served as commander of the Southern Command and as deputy chief of staff. xhtxs.cn/1FQ
English Caption 1
The newly-appointed Israeli military chief Eyal Zamir (L) is seen leaving his home in Moshav Ramot Hashavim, Israel, on Feb. 2, 2025. (Gideon Markowicz/JINI via Xinhua)
English Caption 2
Israeli troops are seen in Gaza Strip, as seen from southern Israel, on July 2, 2024. (Photo by Jamal Awad/Xinhua)