Connect with us

WORLD

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန်နှင့် Social Distanceထားရှိရန် လိုအပ်ဆဲဖြစ်ကြောင်း WHO ပညာရှင် ပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်တွင် ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်မှုခံယူရန် တန်းစီစောင့်ဆိုင်းနေသူများအား နိုဝင်ဘာ ၂၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ် မြတ် ဦး

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန်နှင့် Social Distanceထား ရှိရန် လိုအပ်ဆဲဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပညာရှင်က ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၁၅ ရက်အထိ ရရှိသော သတင်းများအရသိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၁၅ ရက် ၁၈ နာရီ ၅၁ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၄၉၆,၁၅၆ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၈,၄၄၃ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၇၁,၅၈၁,၅၃၂ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၆၁၈,၃၇၄ ဦး အသီးသီး ရှိကြောင်း သိရသည်။

 အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၁၆ ရက် ၇ နာရီ ၂၇ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇၃,၃၆၅,၁၉၂ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၆၃၂,၅၅၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၆,၆၇၇,၃၃၃ ဦး နှင့် သေဆုံးသူ ၃၀၃,၀၄၆ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအချို့ စတင်ထိုးနှံမှုများ ပြုလုပ်နေပြီဖြစ်သော်လည်း လက်ရှိ လူ့ခန္ဓာကိုယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်တားဆီးနိုင်မှုရှိမရှိ ရှင်းလင်းစွာ မသိရှိသေးကြောင်း၊ ထို့အပြင် ကာကွယ်ဆေးအသုံးပြုမည့် အစောပိုင်းကာလတွင် ထိုးနှံပေးနိုင်မည့်လူဦးရေ အကန့်အသတ်ရှိခြင်းကြောင့် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် Social Distanceထားရှိခြင်းများကို ဆက်လက်လုပ်ဆောင်သွားသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပညာရှင်က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ကပ်ရောဂါအခြေအနေ ဆက်လက်ဆိုးဝါးလာနေခြင်းကြောင့် ဂျပန်နိုင်ငံတွင် တစ်နိုင်ငံလုံး၌ ဆောင်ရွက်နေသည့် ဝယ်ယူစားသုံးမှုကို အားပေးသည့် ခရီးသွားကဏ္ဍထောက်ပံ့မှုအစီအစဉ်ကို ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၁ ဇန်နဝါရီ ၁၁ ရက်အထိ ခေတ္တခဏရပ်တန့်ထားမည်ဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်နေသူများ၏ဆုံးရှုံးနစ်နာမှုအချို့ကို အစိုးရက သင့်တင့်စွာ ပြန်လည်ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါ က ဒီဇင်ဘာ ၁၄ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။

ကိုရိုနာကပ်ရောဂါ လျင်မြန်စွာ တိုးပွားလာမှုကြောင့် နယ်သာလန် ဝန်ကြီးချုပ် Mark Rutteက ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် စာသင်ကျောင်းများ ပိတ်ထားရန်၊ မရှိမဖြစ်လူသုံးကုန်ပစ္စည်းရောင်းချဆိုင်များမဟုတ်ပါက ပိတ်သိမ်းထားရန် ၊ မလိုအပ်ဘဲ အပြင်မထွက်ရန် ၊အိမ်တွင် ရုံးအလုပ်လုပ်ကိုင်ရန် စသည်တို့အပါအဝင် ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းများကို ဘက်စုံမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်Netanyahu သည် ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးနှင့် ထိတွေ့ခဲ့သဖြင့် ရောဂါကာကွယ်ရေးသတ်မှတ်ချက်အရ အိမ်တွင် သီးခြားနေထိုင်လျက်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုသည် မိမိ၏သဘောဆန္ဒသာဖြစ်ပြီး ပါလက်စတိုင်းအစိုးရအနေဖြင့် လူထုကာကွယ်ဆေးထိုးနှံကြရန် အတင်းအကြပ်ဆောင်ရွက်မည်မဟုတ်ကြောင်း ပါလက်စတိုင်း ဝန်ကြီးချုပ် Shtayyehက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ လာမည့်နှစ်ဆန်းပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပါလက်စတိုင်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်းနှင့် ကျန်းမာရေးဝန်ထမ်း၊ သက်ကြီးရွယ်အိုစသူများကို ဦးစားပေး ထိုးနှံသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————–

(Chinese Version)

(国际疫情)全球疫情简报:世卫专家说接种新冠疫苗后仍需戴口罩和保持社交距离

  新华社北京12月16日电15日全球疫情简报:世卫专家说接种新冠疫苗后仍需戴口罩和保持社交距离
  (小标题)全球数据
世界卫生组织:截至欧洲中部时间15日18时51分(北京时间16日1时51分),全球新冠确诊病例较前一日增加496156例,达到71581532例;死亡病例较前一日增加8443例,达到1618374例。
美国约翰斯•霍普金斯大学:截至北京时间16日7时27分,全球新冠确诊病例达73365192例,死亡病例为1632554例。美国是全球疫情最严重的国家,确诊病例达16677333例,死亡病例为303046例。
(小标题)新闻事件
世卫组织专家14日表示,虽然一些新冠疫苗已陆续推出并开始接种,但目前仍不清楚疫苗是否能防止人体感染新冠病毒,且在疫苗推出初期就接种的人数有限,因此建议人们即使已经接种,也应继续戴口罩、保持社交距离等。
鉴于疫情持续恶化,日本首相菅义伟14日晚宣布,12月28日至2021年1月11日全国暂停旨在鼓励消费的“去旅行”旅游补贴项目,政府将相应补偿经营方部分损失。
鉴于新冠疫情发展迅速,荷兰首相吕特14日发表电视讲话,宣布将全面升级防控措施,包括关闭学校、“非必需品”商店停止营业、避免不必要的出行、尽可能居家办公等。
以色列总理办公室14日发表声明说,流行病学调查发现,总理内塔尼亚胡此前曾会见一名新冠确诊患者。根据防疫要求,当天他开始居家隔离。
巴勒斯坦总理阿什提耶14日表示,是否接种新冠疫苗取决于个人意愿,巴政府将不会强制民众接种新冠疫苗。新冠疫苗预计将于明年年初开始陆续运抵巴勒斯坦,届时医务人员、老年人等将优先接种。(完)

图说(1)- 11月23日,人们在美国华盛顿的一处新冠病毒检测点排队等候检测。新华社记者刘杰摄