Connect with us

News

ပြင်စလူမြို့၌ အင်အား ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်

ငလျင်လှုပ်ရှားရာပြ မြေပုံအားတွေ့ရစဉ် (မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ပြင်စလူမြိ့ု၏ အနောက်တောင်ဘက် (၃၂)မိုင်ခန့်အကွာ – မြန်မာ့ကမ်းရိုးတန်းအနီးတွင် အင်အား ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၃၈)မိနစ်၊ (၁၈)စက္ကန့် အချိင်န်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၄၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပြင်စလူမြိ့ု၏ အနောက်တောင်ဘက် (၃၂)မိုင်ခန့်အကွာ – မြန်မာ့ကမ်းရိုးတန်းအနီး) မြောက်လတ္တီတွဒ် ၁၅.၆၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၃၈ ဒီဂရီ၊ အနက်(၁၀၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟုတိုင်းထွာရရှိကြောင်း သိရသည်။(Xinhua)