Connect with us

News

သမ္မတရှီက လေယာဉ်ဒီဇိုင်းပညာရှင် နှင့် နျူကလီးယားကျွမ်းကျင်ပညာရှင် တို့ကို တရုတ်ထိပ်တန်း သိပ္ပံထူးချွန်ဆု ပေးအပ်ချီးမြှင့်

ပေကျင်း ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် လေယာဉ်ဒီဇိုင်းထုတ်ပညာရှင် Gu Songfen နှင့် နျူကလီးယားကျွမ်းကျင်ပညာရှင် Wang Dazhong တို့ကို သိပ္ပံ နှင့် နည်းပညာတီထွင်ဖန်တီးမှုတွင် ၎င်းတို့၏ အံ့မခန်းထူးကဲစွာ ပါဝင်ဆောင်ရွက်ခဲ့ခြင်းအတွက် တရုတ်နိုင်ငံ ထိပ်တန်းသိပ္ပံထူးချွန်ဆုအား နိုဝင်ဘာ ၃ ရက်တွင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌ လည်းဖြစ်သူ ရှီကျင့်ဖိန်သည် ပေကျင်းမြို့ မဟာခန်းမ၌ နှစ်စဉ်ကျင်းပမြဲ သိပ္ပံ ၊ အင်ဂျင်နီယာ နှင့် သုတေသနစွမ်းဆောင်ရှင်များ ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားတွင် ဆုရရှိသူများအား ဆုတံဆိပ်ပြားများ နှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။

တရုတ်နိုင်ငံသမ္မတ ၊ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌ လည်းဖြစ်သူ ရှီကျင့်ဖိန် က ဆုတံဆိပ်ချီးမြှင့်ခံရသည့် လေယာဉ်ဒီဇိုင်းပညာရှင် နှင့် နျူကလီးယားကျွမ်းကျင်ပညာရှင် တို့နှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

သမ္မတရှီက ယင်းဆုပေးပွဲတွင် ဂုဏ်ပြုဆုရရှိသည့် သိပ္ပံပညာရှင် နှစ်ဦးအား လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ချီးကျူးဂုဏ်ပြုစကားဆိုခဲ့သည်။ရှီသည် လီခဲ့ချန် ၊ ဝမ်ဟုနင်း နှင့် ဟန့်ကျိန်း တို့အပါအဝင် အခြားသော ကွန်မြူနစ်ပါတီခေါင်းဆောင်များ နှင့် နိုင်ငံခေါင်းဆောင်များနှင့်အတူ ထိပ်တန်းသိပ္ပံထူးချွန်ဆု ရရှိသူနှစ်ဦးကို ရွှေတံဆိပ်ပြား နှင့် အခြားဆုရရှိသူများကို ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

တရုတ်နိုင်ငံသမ္မတ ၊ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌ လည်းဖြစ်သူ ရှီကျင့်ဖိန် က လေယာဉ်ဒီဇိုင်းထုတ်ပညာရှင် Gu Songfen အား ဆုတံဆိပ်ပေးအပ်ချီးမြှင့်စဉ်(ဆင်ဟွာ)

Gu Songfen သည် တရုတ်နိုင်ငံ၏ ဦးဆောင်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Aviation Industry Corporation of China, Ltd., မှ လေယာဉ်ဒီဇိုင်းထုတ်လုပ်မှုကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သူ Gu သည် တရုတ်သိပ္ပံအကယ်ဒမီ (CAS) နှင့် တရုတ် အင်ဂျင်နီယာအကယ်ဒမီ (CAE) နှစ်ခုစလုံးတွင် လုပ်ကိုင်ခဲ့သည့် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။

တရုတ်နိုင်ငံသမ္မတ ၊ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌ လည်းဖြစ်သူ ရှီကျင့်ဖိန် က နျူကလီးယားကျွမ်းကျင်ပညာရှင် Wang Dazhong အား ဆုတံဆိပ်ပေးအပ်ချီးမြှင့်စဉ်(ဆင်ဟွာ)

Wang Dazhong ကို ၁၉၃၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး နိုင်ငံတကာထင်ရှားကျော်ကြားသော နျူကလီးယားကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။ သူသည် တရုတ်သိပ္ပံအကယ်ဒမီ (CAS) တွင် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သလို Tsinghua University တက္ကသိုလ် ဥက္ကဌ(ဟောင်း)လည်းဖြစ်သည်။ သူသည် ခေတ်မီနျူကလီးယားစွမ်းအင်နည်းပညာများကို သုတေသနပြုခြင်း နှင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းဖြစ် ဘဝကို ရင်းနှီးမြှုပ်နှံနေထိုင်ခဲ့သူဖြစ်သည်။

တရုတ်နိုင်ငံ၏ တစ်နှစ်တာ သိပ္ပံ နှင့် နည်းပညာ တီထွင်ဖန်တီးမှု ထူးချွန်ဆုပေးပွဲအခမ်းအနားတက်ရောက်လာကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

နိုဝင်ဘာ ၃ ရက်တွင် ကျင်းပသော ဂုဏ်ပြုဆုပေးအပ်ပွဲသို့ ဧည့်သည်တော် ခန့်မှန်းခြေ ၃,၀၀၀ ခန့်တက်ရောက်ခဲ့ပြီး ဆုပေါင်း ၂၆၄ ဆု ပေးအပ်ချီးမြှင့်ခဲ့ရာ နိုင်ငံတော်သဘာဝသိပ္ပံထူးချွန်ဆု ၄၆ ဆု ၊ နိုင်ငံတော် နည်းပညာတီထွင်ဖန်တီးမှု ထူးချွန်ဆု ၆၁ ဆု နှင့် နိုင်ငံတော် သိပ္ပံ နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ထူးချွန်ဆု ၁၅၇ ဆု အသီးသီးပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ တစ်နှစ်တာ သိပ္ပံ နှင့် နည်းပညာ တီထွင်ဖန်တီးမှု ထူးချွန်ဆုပေးပွဲအခမ်းအနားတက်ရောက်လာကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံတကာ သိပ္ပံ နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ထူးချွန်ဆုအတွက် တရုတ်နိုင်ငံပညာရှင်များနှင့်အတူ ၎င်းတို့၏ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှုအတွက် ပြည်ပ-ပညာရှင် ၈ ဦး နှင့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသမ္မတ ၊ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌ လည်းဖြစ်သူ ရှီကျင့်ဖိန် က ဂုဏ်ပြုလက်မှတ်ရသူများအား ပေးအပ်ချီးမြှင့်စဉ်(ဆင်ဟွာ)

အခမ်းအနားတွင် ရှီ နှင့် အခြားသော ခေါင်းဆောင်များသည် ဆုရရှိသူများနှင့်အတူ အုပ်စုလိုက်အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ နှင့် နိုင်ငံတော်ကောင်စီကိုယ်စား လီခဲ့ချန်က ဆုရရှိသူများအား ဂုဏ်ပြုစကားပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ သိပ္ပံ နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံအားပေးခြင်း နှင့် ၎င်းတို့၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအတွက် ပြည်ပကျွမ်းကျင်ပညာရှင်များကိုလည်း ကျေးဇူးတင်စကားဆိုခဲ့သည်။

တရုတ်နိုင်ငံသမ္မတ ၊ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌ လည်းဖြစ်သူ ရှီကျင့်ဖိန် က ဂုဏ်ပြုလက်မှတ်ရသူများအား ပေးအပ်ချီးမြှင့်စဉ်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် ဝန်ကြီးချုပ် လီခဲ့ချန်က အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်တစ်ဦးလည်းဖြစ်သူ လီက ပါတီအနေဖြင့် သိပ္ပံ-နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသော အားပေးထောက်ခံမှုပြုကြောင်း နှင့် သိပ္ပံ-နည်းပညာအမှုထမ်းများကိုလည်း လေးစားသမှုနှင့်ဂရုပြုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သိပ္ပံ – နည်းပညာ အမှုထမ်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံစတင်ထူထောင်ချိန်မှစ၍ အလွန်ထူးခြားပြောင်မြောက်သော စွမ်းဆောင်ချက်များကို ဖော်ဆောင်ပေးခဲ့ကြကြောင်း ၊ အထူးသဖြင့် COVID-19 ကပ်ရောဂါ နှင့်အတူ တရုတ်ပြည်သူများ၏ လူ့အသက်ပေါင်းများစွာ နှင့်ကျန်းမာရေးကို ကာကွယ်ပေးစွမ်းခဲ့ကြသူများဖြစ်ကြောင်းချီးကျူးခဲ့သည်။

 တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် ဒုတိယဝန်ကြီးချုပ်ဟန့်ကျိန်းက အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အားလုံးက လေးစားရသော အတော်အသင့်ချမ်းသာကြွယ်ဝသည့် ခေတ်မီဆိုရှယ်လစ်လူ့အဖွဲ့အစည်းကို တည်ဆောက်ရေး ခရီးရှည်သစ်ကို စတင်လိုက်ပြီဖြစ်ရာ တရုတ်နိုင်ငံ၏ ခေတ်မီမောင်နှင်မှုတွင် တီထွင်ဖန်တီးမှု ဗဟိုပြုအခန်းကဏ္ဍသည် နိုင်ငံ၏ သိပ္ပံ- နည်းပညာတီထွင်ဖန်တီးမှုစွမ်းရည်ကို မြှင့်တင်ရန် မဖြစ်မနေလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၊ လူမှုအသိုက်အဝန်း တီထွင်ဖန်တီးမှုအလားအလာသည် ရုတ်တရက်အင်အားကြီးလာကြောင်း နှင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းသစ်များကို ပုံဖော်ထုဆစ်ရမည်ဖြစ်ကြောင်း လီက ဆိုသည်။

သိပ္ပံ-နည်းပညာအမှုထမ်းများအနေဖြင့် နိုင်ငံ၏ အဓိကမဟာဗျူဟာလိုအပ်ချက်များကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ အရေးကြီးသော အဓိကနည်းပညာရပ်များကို ဖော်ဆောင်ရန်အရှိန်မြှင့်တင်ရမည်ဖြစ်ကြောင်း နှင့် သိပ္ပံ-နည်းပညာ အဓိက စီမံကိန်းများကိုမြှင့်တင်သွားရမည်ဖြစ်ကြောင်း လီက တိုက်တွန်းတောင်းဆိုခဲ့သည်။

ပွင့်လင်းမြင်သာသော ပြိုင်ဆိုင်မှုယန္တရားတစ်ခုဖြင့် အလွန်းအရေးကြီးသော သိပ္ပံ-နည်းပညာ အစီအစဉ်အတွက် အကောင်းဆုံးကိုယ်စားလှယ်လောင်းများကို ရွေးချယ်သွားရမည်ဖြစ်ပြီး တီထွင်ဖန်တီးမှု စိတ်ဆန္ဒရှိသူများ ၊ တီထွင်ဖန်တီးရန် အခက်အခဲရှိသူများ နှင့် တီထွင်နိုင်စွမ်းရှိသူများကို အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန် တွန်းအားပေးသွားရမည်ဖြစ်သည်။

နိုင်ငံအနေဖြင့် အခြေခံသုတေသနကို တွန်းအားပေးရေးဆက်လက်ဆောင်ရွက်သွားသင့်ကြောင်း ၊ သိပ္ပံဆိုင်ရာဥပဒေများကိုလေးစားလိုက်နာသင့်ကြောင်း ၊ ပြဿနာရပ်-ဗဟိုပြုသုတေသနလုပ်ငန်းနှင့်အတူ လွတ်လပ်သောတီထွင်ဖန်တီးမှုကို ပေါင်းစပ်ရမည်ဖြစ်ကြောင်း ၊ ရေရှည်နှင့်တည်ငြိမ်သောထောက်ခံအားပေးမှုကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း ၊ အခြေခံသုတေသနအတွက် တွန်းအားပေးမြှင့်တင်ရန် ပုဂ္ဂလိက နှင့် အများပိုင်ကဏ္ဍတွင် ငွေကြေးထည့်ဝင်မှု ထောက်ခံအားပေးရမည်ဖြစ်ကြောင်း ၊ အခြေခံပညာပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း နှင့် တက္ကသိုလ်များတွင် အခြေခံစည်းမျဉ်းစည်းကမ်းများကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင်လီက စက်မှုလုပ်ငန်းကွင်းဆက်များအပေါ်

၎င်းတို့၏ ကျွမ်းကျင်မှု သို့မဟုတ် နေရာ တည်ရှိလင့်ကစား အားလုံးသော အများဆိုင်လုပ်ငန်းများအကြား ပေါင်းစပ်မှုကို တွန်းအားပေးရန်လည်း ကတိပြုခဲ့သည်။ ထို့ပြင် ဉာဏမူပိုင်ခွင့် ကာကွယ်ပေးရေး နှင့် သိပ္ပံ-နည်းပညာစွမ်းဆောင်ရည်များ အသုံးချမှုကို အရှိန်မြှင့်တင်ရေး တွန်းအားပေးရန်အတွက်လည်း ၎င်းက ကတိပြုခဲ့သည်။

တီထွင်မှု နှင့် ဖန်တီးမှု စွမ်းရည်ကို အဟန့်အတားဖြစ်စေသည့် အရာများအား ကျော်လွှားရေး ပိုမိုအားထုတ်သွားရန် နှင့် သိပ္ပံ-နည်းပညာ ယန္တရား ပြုပြင်ပြောင်းလဲမှု နက်ရှိုင်းစေရေး ရှေ့ဆက်ကြိုးပမ်းအားထုတ်သွားရန် တိုက်တွန်းခဲ့ပြီး သုတေသီများအား အဟန့်အတားဖြစ်စေသော အရာများအား ဖယ်ရှားရှင်းလင်းကာ ထိထိရောက်ရောက်ဆောင်ရွက်သွားရန်လည်း တောင်းဆိုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် သိပ္ပံ နှင့် နည်းပညာ နယ်ပယ်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် နှင့် တံခါးဖွင့်မှုကျယ်ပြန့်စွာ လုပ်ဆောင်ခြင်းဖြင့် win-win ရလဒ်များ ဆောင်ကြဉ်းနိုင်ရန်လည်း လီက ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်တစ်ဦးလည်းဖြစ်သူ ဒုတိယဝန်ကြီးချုပ်ဟန့်ကျိန်း က အခမ်းအနားတွင် အမှာစကားပြောကြားရာတွင်
သိပ္ပံ-နည်းပညာအမှုထမ်းများအနေဖြင့် ဆုတံဆိပ်ချီးမြှင့်ခံရသော ပညာရှင်များအား စံပြနမူနာကောင်းအဖြစ် အတုယူကြရန် ၊ သိပ္ပံ နှင့် နည်းပညာ အစွမ်းဖြင့် နိုင်ငံ၏ အစဉ်အလာသမိုင်းဂုဏ်ရောင်ကို ဆက်လက်သယ်ပိုးကြရန် ၊ သမိုင်းပေး တာဝန်ကို ထမ်းရွက်ကြရန် နှင့် မြန်ဆန်သောအရှိန်တစ်ခုဖြင့် သိပ္ပံ နှင့် နည်းပညာ နယ်ပယ်တွင် မိမိကိုယ်ကိုပြန်လည် နိုးထရေး အမြင့်ဆုံးအဆင့် စွမ်းဆောင်ကာ နိုင်ငံအား ကူညီဆောင်ရွက်ပေးရန် ၎င်းအနေဖြင့် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

…………………………………………
(English Version)

Xi presents China’s top science award to aircraft designer, nuclear expert

BEIJING, Nov. 3 (Xinhua) — President Xi Jinping on Wednesday presented China’s top science award to aircraft designer Gu Songfen and nuclear expert Wang Dazhong for their outstanding contributions to scientific and technological innovation.

Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, awarded the medals and certificates at an annual ceremony held in Beijing to honor distinguished scientists, engineers and research achievements.
Xi shook hands with the two scientists and expressed his congratulations.
Xi and other Party and state leaders, including Li Keqiang, Wang Huning and Han Zheng, together with the two winners of the top science award, presented certificates to other award recipients.
Gu Songfen is an aircraft designer at the Aviation Industry Corporation of China, Ltd., the nation’s leading aircraft maker. Born in 1930, Gu is an academician at both the Chinese Academy of Sciences (CAS) and the Chinese Academy of Engineering.

Wang Dazhong, born in 1935, is an internationally reputed nuclear scientist.
A CAS academician and former president of Tsinghua University, he has dedicated himself to the research and development of advanced nuclear energy technologies.
Wednesday’s ceremony was attended by approximately 3,000 people and honored 264 projects, with 46 winning the State Natural Science Award, 61 the State Technological Invention Award, and 157 the State Scientific and Technological Progress Award.

Eight foreign experts and one international organization won the International Science and Technology Cooperation Award for their collaboration with Chinese scientists.
Prior to the ceremony, Xi and other leaders gathered to take group photos with the representatives of the winners.

On behalf of the CPC Central Committee and the State Council, Premier Li Keqiang extended congratulations to the award recipients and thanked foreign experts for their participation in and support of China’s science and technology development.

Li, also a member of the Standing Committee of the Political Bureau of the CPC Central Committee, said that the Party attaches great importance to sci-tech development, and respects and cares for sci-tech workers.
He noted that sci-tech workers have made brilliant achievements since the founding of the People’s Republic of China, especially in coping with the COVID-19 pandemic and protecting people’s lives and health.
As China has started a new journey toward building a modern socialist country in all aspects, Li noted that innovation’s central role in China’s modernization drive must be upheld to raise the country’s sci-tech innovation capacity, unleash its society’s creative potential, and shape new development advantages.

Li called on the sci-tech workers to focus on the major strategic needs of the country, accelerate breakthroughs in key and core technologies, and promote major sci-tech projects.
An open competition mechanism to select the best candidates for important sci-tech programs shall be promoted to give opportunities to those who are willing to innovate, dare to innovate, and are able to innovate.

He said the country shall continue to strengthen its basic research, respect the laws of science, combine free exploration with problem-orientated research, strengthen long-term and stable support, encourage enterprises and private capital to increase input for basic research, deepen basic education reform and strengthen basic disciplines in universities.

The premier added that a sound scientific research ecosystem shall be fostered to encourage innovation and tolerate failure, and to support researchers to make more original achievements.
He highlighted the leading role of enterprises in innovation, more inclusive policies to encourage innovation, the concentration of innovation resources in enterprises, and the deeper integration of enterprises, universities and research institutes.

Li also pledged to promote integrated innovation among all enterprises despite their scale or position on the industrial chain. He also pledged to strengthen the protection of intellectual property rights and accelerate the application of sci-tech achievements.

He called for more efforts to overcome the obstacles that hamper innovation and creativity, and urged further efforts to deepen sci-tech mechanism reform and effectively ease the burden on researchers.
Li also said China will deepen international cooperation in science and technology and achieve win-win results through greater opening-up.

Chinese Vice Premier Han Zheng, also a member of the Standing Committee of the Political Bureau of the CPC Central Committee, presided over the ceremony.
Han said he expects sci-tech workers to follow the examples set by the award recipients, carry forward the glorious tradition of serving the country through science and technology, shoulder historical responsibility, and help the country achieve a high level of self-reliance in science and technology at an accelerated pace. Enditem

Photos – Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, and other Party and state leaders, including Li Keqiang, Wang Huning and Han Zheng, pose for group photos with representatives of the winners before an annual ceremony to honor distinguished scientists, engineers and research achievements at the Great Hall of the People in Beijing, capital of China, Nov. 3, 2021. (Xinhua/Li Xueren)