Connect with us

Economy

မလေးရှား နှင့် စင်ကာပူ မြန်နှုန်းမြင့် ရထားလမ်း ဖောက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုး

မလေးရှား - စင်ကာပူ မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်း လက်မှတ် ရေးထိုးပွဲတွင် နှစ်နိုင်ငံ ခေါင်းဆောင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

မလေးရှား နှင့် စင်ကာပူ တို့သည် ၎င်းတို့ နှစ်နိုင်ငံအား ဆက်သွယ်ပေးမည့် မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ် ရေးထိုးခဲ့ကြောင်း မလေးရှား ပြည်တွင်း သတင်းဌာနက ဇူလိုင်လ ၁၄ ရက်တွင် ရေးသား ဖော်ပြလိုက်သည်။

အဆိုပါ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း တို့နှစ်ဦးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း New Strait Times သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ နားလည်မှု စာချွန်လွှာတွင် နှစ်ဖက် အသေးစိတ် လိုက်နာဆောင်ရွက်ရမည့် စီမံကိန်း အစီအစဉ် ၊ တည်ဆောက်ရေး လုပ်ငန်းစဉ် ၊ စီမံကိန်း အကောင်အထည်ဖော်မှု နှင့် အနာဂတ် လုပ်ငန်းစဉ်နှင့် နှစ်ဖက် သဘောတူညီမှုများကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် လက်မှတ် ရေးထိုးနိုင်ရေး အစီအစဉ်များ ပါဝင်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။
ရထားလမ်း စီမံကိန်း အကောင်အထည်ဖော်ခြင်းကို ၂ဝ၁၈ ခုနှစ်တွင် စတင်ရန် မျှော်လင့်ထားကြောင်း New Strait Times တွင်ရေးသားထားသည်။ အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် စင်ကာပူနိုင်ငံတို့အကြား ခရီးချိန် ကြာမြင့်မှုကို များစွာ လျှော့ချနိုင်မည်ဖြစ်ပြီး ၎င်းရထားလမ်း ဖောက်လုပ်ပြီးပါက ခရီးစဉ် တစ်ကြောင်းအတွက် မိနစ် ၉ဝ သာ ကြာမြင့်တော့ မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.