Connect with us

Economy

ဓားပြသံသယရှိသဖြင့် စင်ကာပူဘဏ် အရေးပေါ်ပိတ်

စင်ကာပူနိုင်ငံ Holland Village ရှိ Standard Chartered ဘဏ်ခွဲအား လုံခြုံရေး စစ်ဆေးနေစဉ် (ဓာတ်ပုံ-အင်တာနက်)

စင်ကာပူ ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံရှိ Standard Chartered ဘဏ်ခွဲသည် ဓားပြ အတိုက်ခံရသည်ဟု သံသယရှိသဖြင့် ဇူလိုင်လ ၇ ရက် မွန်းလွဲပိုင်းတွင် အရေးပေါ် ပိတ်လိုက်ရကြောင်း သိရသည်။

မျက်မြင်သက်သေများ အဆိုအရ Holland Village တွင် ဖွင့်လှစ်ထားသည် ဘဏ်ခွဲကို မွန်းလွဲပိုင်းတွင် အရေးပေါ် ပိတ်သိမ်းလိုက်ရကြောင်း နှင့် ယခုအခါ ၎င်းနေရာ အနီးတဝိုက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝိုင်းရံထားကြောင်း သိရသည်။

စင်ကာပူနိုင်ငံ Holland Village ရှိ Standard Chartered ဘဏ်ခွဲအား လုံခြုံရေး စစ်ဆေးနေစဉ် (ဓာတ်ပုံ-အင်တာနက်)
စင်ကာပူ ရဲတပ်ဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ်က ဓားပြတိုက်သည့် သတင်းပေးပို့မှုကို လက်ခံ ရရှိခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းသမားများအား ပြောကြားသည်။ သို့သော် ၎င်းဘဏ်မှာ အမှန်တကယ် ဓားပြ အတိုက်ခံလိုက်ရသလား ဆိုသည်ကိုမူ အတည်ပြု ပြောကြားခြင်း မရှိပါ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.