Connect with us

Politics & Security

ဖိလစ်ပိုင် ရွေးကောက်ပွဲတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် သေဆုံးသူ ၁ဝ ဦး ထိရှိလာ

ဖိလစ်ပိုင် ရွေးကောက်ပွဲတွင် နှစ်ဖက်ထောက်ခံသူများ အကြား ခိုက်ရန် ဖြစ်ပွားစဉ် ( ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ မေ ၁ဝ ရက် (ဆင်ဟွာ)

မေလ ၉ ရက်တွင် ကျင်းပခဲ့သည့် ဖိလစ်ပိုင် နိုင်ငံ ရွေးကောက်ပွဲ၌ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် သေဆုံးသူပေါင်း ၁ဝ ဦးထိ ရှိလာကြောင်း ဖိလစ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့(AFP ) ၏ ထုတ်ပြန်ချက် အရ သိရသည်။

ရွေးကောက်ပွဲ ရလဒ်ထုတ်ပြန်သည့် မေလ ၁ဝ ရက် နံနက် ပိုင်းထိ တစ်နိုင်ငံလုံး၌ ရွေးကောက်ပွဲနှင့် ဆက်စပ်သော အကြမ်းဖက်မှုပေါင်း ၂၂ မှု ဖြစ်ပွားခဲ့ကြောင်း ၊ ယင်းအမှုအခင်းများကြောင့် သေဆုံးသူ ၁ဝ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၃ ဦး ရှိကြောင်း AFP ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး စင်တာ ၏ တွေ့ရှိချက်ကို ကိုးကားပြီး AFP တပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးရုံး အကြီးအကဲ Noel Detoyato က ပြောကြားသည်။

အဆိုပါ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ခြုံခို တိုက်ခိုက်မှု ၊ မဆင်မခြင် ပစ်ခတ်မှု ၊ ဗုံးပေါက်ကွဲမှု ၊ မီးရှို့မှု နှင့် ဟန့်တား နှောက်ယှက်မှုများ ပါဝင်ကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက် မှ မေလ ၈ ရက်ထိ ရွေးကောက်ပွဲ ပဋိပက္ခများကြောင့် လူပေါင်း ၁၅ ဦး သေဆုံးခဲ့ရကြောင်း ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

ဖိလစ်ပိုင် ရဲတပ်ဖွဲ့အနေဖြင့် ဇန်နဝါရီလ ၁ဝ ရက်မှ ဇွန်လ ၈ ရက်ထိ ရွေးကောက်ပွဲ လုံခြုံရေး ကာလအဖြစ် သတ်မှတ်ပြီး နိုင်ငံတွင်း စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ လက်နက် ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.