Connect with us

Politics & Security

လာအို နှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းလုပ်ဆောင်သွားရန် တရုတ်ဝန်ကြီးချုပ်ပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ် တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နယ်ပယ်ကဏ္ဍအသီးသီး၌ လာအိုနိုင်ငံ နှင့်အတူ နှစ်ဖက် အပြန်အလှန်အကျိုးရှိစေသည့် ပူးပေါင်းမှုများ အထူးသဖြင့် ကုန်ထုတ်လုပ်မှုစွမ်းရည် နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ပိုမိုအားကောင်းလာစေရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က စက်တင်ဘာ၈ရက် တွင်ပြောကြားခဲ့သည်။

လာအိုနိုင်ငံသို့ ASEAN ထိပ်သီးအစည်းအဝေး တက်ရောက်ရင်း တရားဝင် အလည်အပတ်ခရီးစဉ် ရောက်ရှိလာသည့် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် သည် လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ် (Bounnhang Vorachit) နှင့် တွေ့ဆုံစဉ် တရုတ်-လာအို ရထားလမ်း၊ စီးပွားရေးဇုန်များ နှင့် ရေအားလျှပ်စစ် စီမံကိန်းများ အပါအဝင် လာအိုနိုင်ငံရှိ အဓိက စီမံကိန်းကြီးများအား ရှေ့ဆက် ပူးပေါင်းလုပ်ဆောင်သွားရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
လီ က ပညာရေးနှင့် ခရီးသွားလုပ်ငန်း စသည့် အခန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ နီးနီးကပ်ကပ်လုပ်ဆောင်သွားရန် နှင့် နှစ်နိုင်ငံသည် အနာဂါတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် အခွင့်အလမ်းသစ်များ ကို မြင်တွေ့နေရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်က နှစ်နိုင်ငံလုံး သည် သံတမန် ဆက်ဆံရေး စတင်ဆောင်ရွက်ခဲ့သော လွန်ခဲ့သည့် ၅၅နှစ် ကတည်းက တစ်နိုင်ငံအပေါ်တစ်နိုင်ငံ အစဉ်အမြဲလေးစားသမှုဖြင့် ဆက်ဆံကာ အထောက်အပံ့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ် က လီ၏ လာအိုခရီးစဉ် သည် နှစ်နိုင်ငံ အစဉ်အလာအရ ဆက်ဆံရေးအား ပိုမို ခိုင်မာလာစေရန် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး တရုတ်-လာအို ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ပြည့်စုံကောင်းမွန်လာစေသည့် ဆောင်ရွက်ချက်အသစ်တစ်ခုဖြစ်ကြာင်း ပြောကြားခဲ့သည်။
ဘွန်ညံက မကြာသေးမီက ပြီးဆုံးခဲ့သည့် လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ် ဆောင်ရွက်သော အရှေ့အာရှထိပ်သီးညီလာခံအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့ပေးမှုများအား အသိအမှတ်ပြုပါကြောင်း၊ “အိမ်နီးချင်းကောင်း၊ သူငယ်ချင်းကောင်း၊ မိတ်ဖက်ကောင်း၊ ညီအကိုကောင်း” ဟုဆိုသည့် မူဘောင်အတိုင်း တရုတ်နိုင်ငံ နှင့် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ကို ပိုမိုနက်ရှိုင်းစေရန် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။
လီသည် လာအိုနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Pany Yothotou နှင့် စက်တင်ဘာ ၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံကြား ဥပဒေပြုပညာရှင်များအကြား အမြင်ချင်းဖလှယ်မှုသည် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။
လီသည် ဗီယင်ကျန်းမြို့ ရှိ ထိပ်သီးအစည်းအဝေးပွဲတက်ရောက်ပြီးနောက် လာအိုနိုင်ငံသို့ တရားဝင်ခရီးစဉ် အဖြစ် လည်ပတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.